နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား လားရှိုးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များက ရှမ်းပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်း(MSME)များ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ များနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ် သည်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူ ရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ရင်းနှီးမတည်ချေးငွေများထုတ်ချေးပေးလျက်ရှိမှု၊ အခြားလိုအပ်သည် များကို အားပေးဆောင်ရွက်လျက်ရှိမှုနှင့် ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန် စေရေး ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်-
- ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် နိုင်ငံ စီးပွားရေးကို တိုးတက်စေမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် MSME စီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
- NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေ များ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း။
- Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း။
- တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ် အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- လာမည့်အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် (၈) နှစ်မြောက် NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေး အနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
- ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် နိုင်ငံရေး အရအသုံးချ၍ မရိုးမသားဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တို့တွင် အသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကို တွေ့ခဲ့ရကြောင်း။
- အုပ်ချုပ်ရေးပိုင်း၊ စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ပြီး ယဉ် ကျေးမှုပိုင်းဆိုင်ရာတွင်လည်း မြန်မာ့ထုံးတမ်းစဉ်လာနှင့် မကိုက်ညီသည့်ဖြစ်ရပ် များဖြစ်ပေါ်ခဲ့ကာ စည်းလုံးညီညွတ်မှုများ ပျက်ပြားခဲ့ရကြောင်း။
- မဲစာရင်းကွဲလွဲမှုများကိုဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့ သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့် တပ်မတော်မှ နိုင်ငံတော်၏ တာဝန် များကို ဥပဒေနှင့်အညီ ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး တပ်မ တော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးကိုသာ အဓိက ဆောင်ရွက်လျက်ရှိကြောင်း။
- ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန်လည်ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။၊
- ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရှိရေးကို မိမိတို့အနေဖြင့် ကြိုး ပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
- စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP များတိုးတက်လာမည်ဖြစ်၍ MSME လုပ်ငန်းများကို မိမိတို့အနေဖြင့် အားပေးမြှင့်တင်နေခြင်းဖြစ်ကြောင်း။
- ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် တစ်ဦးချင်း စီးပွားရေးတိုးတက်မှုမှ ဒေသစီးပွားရေးတိုးတက်မှုကို ဖြစ်စေနိုင်မည်ဖြစ် ကြောင်း။
- ဒေသတွင် အောင်မြင်ဖြစ်ထွန်းသည့် ကော်ဖီနှင့်လက်ဖက်များကို အဓိကစိုက်ပျိုး ကြသည်ကိုတွေ့ရှိရပြီး ကော်ဖီနှင့်လက်ဖက်သည် နိုင်ငံတကာဈေးကွက် လိုအပ် ချက်ရှိပြီးဖြစ်သဖြင့် နည်းစနစ်ကျနပြီး အရည်အသွေးပြည့်မီသည့် ကော်ဖီနှင့် လက်ဖက်ထုတ်ကုန်ထုတ်လုပ်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားကြ ရန် လိုကြောင်း။
- ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ပို့ဆောင်ဆက်သွယ်မှုများ ပိုမိုကောင်း မွန်လာစေရေးအတွက် လားရှိုးလေဆိပ်၊ လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
- လားရှိုး-မန္တလေး ရထားလမ်း ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင် ရွက်လျက်ရှိသကဲ့သို့ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ရထားလမ်းဖောက် လုပ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။
- လက်ရှိကားလမ်းကိုလည်း လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင် ရွက်လျက်ရှိပြီး ဆက်လက်၍လည်းခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- ဒေသတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း။
- ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင် သည့် သဘာဝရေမြေတောတောင်အလှအပများနှင့် အရင်းအမြစ်များစွာရှိပြီး ဖြစ်သည့်ဒေသဖြစ်ကြောင်း။
- ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည့်အတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက် လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ဒေသထွက်ထုတ်ကုန် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစား ဖြင့် လေ့လာခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သည် လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိ ရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၉-၂၀၂၃)
- ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် နိုင်ငံစီးပွား ရေးကို တိုးတက်စေမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် MSME စီးပွားရေး လုပ်ငန်းများ ကို အားပေးဆောင်ရွက်နေခြင်းဖြစ်။
- NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့။
- လာမည့်အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် (၈) နှစ်မြောက် NCA နှစ်ပတ် လည်နေ့အခမ်းအနားကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေး အနက် ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်။
- ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန်လည်ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ။
- ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရှိရေးကို မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ။
- ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် တစ်ဦးချင်း စီးပွား ရေးတိုးတက်မှုမှ ဒေသစီးပွားရေးတိုးတက်မှုကို ဖြစ်စေနိုင်မည်ဖြစ်။
- ဒေသတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်။
Add new comment