နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)ရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို တွေ့ဆုံအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီလ ၂၃ ရက်တွင် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)ရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားခဲ့ရာ-

  • စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝ အတိုင်းအတာတစ်ခုအထိ အဆင်ပြေစွာရပ်တည်နေထိုင်နိုင်ရေး အမြဲတမ်းစဉ်းစား၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ  ယခုအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအနေဖြင့် ပြည့်စုံသည် မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ အဆင်ပြေစွာ နေထိုင်နေကြရသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။
  • မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ဂျက်ကန့်သတ်ချက်ရှိပြီး တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကို  နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခများ ပြည့်မီစွာပေးသွင်း၍ ဆောင်ရွက်ခဲ့ကြောင်း။
  • လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခွင့်အရေးများ တောင်းဆိုခဲ့ခြင်းမရှိကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များမှ ယခုကဲ့သို့တပ်မတော်သား၊ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းပင် ဖြစ်ကြောင်း။
  • တပ်မတော်မှဆောင်ရွက်ပေးထားသည့် အိမ်ရာများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးထားပြီးဖြစ်သဖြင့် မိမိတို့နေထိုင်ရသည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း။
  • တပ်မတော်သားများသည် ပြည်သူကြားက ပေါက်ဖွားလာခြင်းဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည့် တပ်မတော်ကို အလေးထားကြပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုသူ၊ အသုံးချလိုသူများကသာလျင် တပ်မတော်၏ အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်မှုများကို နိုင်ငံရေးတွင် အသုံးချခဲ့ကြသည်များရှိကြောင်းဖြင့် မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် ဆန်၊ ဆီနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ခဲ့ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက် များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ဂျက်ကန့်သတ်ချက်ရှိပြီး တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကို  နိုင်ငံတော်သို့ ပေးသွင်း ရမည့် အခွန်အခများ ပြည့်မီစွာပေးသွင်း၍ ဆောင်ရွက်ခဲ့ကြောင်း။
  • လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခွင့်အရေးများ တောင်းဆိုခဲ့ခြင်းမရှိကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များမှ ယခုကဲ့သို့တပ်မတော်သား၊ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းပင် ဖြစ်ကြောင်း။
  • တပ်မတော်သားများသည် ပြည်သူကြားက ပေါက်ဖွားလာခြင်းဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေသည့် တပ်မတော်ကို အလေးထားကြပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုသူ၊ အသုံးချလိုသူများကသာလျင် တပ်မတော် ၏ အမျိုးသား နိုင်ငံရေးတာဝန်ထမ်းဆောင်မှုများကို နိုင်ငံရေးတွင် အသုံးချခဲ့ကြသည်များရှိကြောင်း။

Add new comment