ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md Monwar Hossain ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md Monwar Hossain ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာလ ၇ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကမ္ဘာ လုံးဆိုင်ရာ ကျန်းမာရေးပြသနာများဖြစ်သည့် ကပ်ရောဂါကာကွယ်တုံ့ပြန်ရေး လုပ် ငန်းများ၊ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ၊ ပဋိဇီဝဆေးယဉ်ပါးမှုပြသနာ ဖြေရှင်းနိုင်ရေးလုပ်ငန်းများ၊ ရေနစ်သေဆုံးမှု လျှော့ ချကာကွယ်ရေးလုပ်ငန်းများ အစရှိသည်တို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရာတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားသည့်ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ် လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်နိုင်ရေးနှင့် ဖြန့်ဖြူး အသုံးပြုနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါ သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဉီးစီးဌာန)နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ၍ ပဋိဇီဝဆေးယဉ်ပါးမှုပြသနာ ဖြေရှင်းနိုင်ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်နိုင်ရေးနှင့် ဖြန့်ဖြူးအသုံးပြုနိုင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment