ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

         ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို စက်တင်ဘာလ ၇ ရက်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေး ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ် ရေး ဦးစီးချုပ် (လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစု ဝင်များ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင်-

  • သစ်ပင်သစ်တောများ ပြုန်းတီးမှုကြောင့် ကမ္ဘာကြီးပူနွေးလာသည့်အတွက် မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ မြေပြိုခြင်း၊ ငလျင် လှုပ်ခြင်း စသည့်သဘာဝဘေးများကို မိမိတို့လူသားများအနေဖြင့် ရင်ဆိုင် တွေ့ကြုံခံစားနေကြရသလို အခြားသောသက်ရှိများဖြစ်သည့် တောတွင်းတိရစ္ဆာန် များသည်လည်း တစ်ဖြည်းဖြည်း မျိုးသုဉ်းလျော့ပါးလာကြသည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း။
  • သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်၊ သက်ရှိများ၏ ဂေဟစနစ်နှင့် လူနေမှုစနစ်တို့အပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိကြောင်း။
  • သစ်တောသစ်ပင်များကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသကဲ့သို့ ပြန်လည်စိုက်ပျိုးကြရန်လည်း လို အပ်ကြောင်း။
  • နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲခြင်း၊ ပြန် လည်စိုက်ပျိုးမှုများကို ပြုလုပ်ခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်ထိန်းသိမ်းခြင်းတို့ကို ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။
  • စနစ်တကျထုတ်ယူသုံးစွဲမှုမရှိဘဲ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့် ရာသီ ဥတုပြောင်းလဲမှုများကို ကြုံတွေ့ရခြင်းဖြစ်ပြီး ယခင်နေပြည်တော်ဒေသ၏ ရာသီဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှအပူချိန် ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ် ခန့်သာ ရှိခဲ့ရာ ယခုအချိန်တွင် ပျမ်းမျှအပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အထိ တိုးမြင့်လာသည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
  • သယံဇာတ ဟူသည်မှာ သဘာဝအလျောက်ပြန်လည်ပြည့်ဖြိုးနိုင်သည်ရှိသကဲ့သို့ ပြန်လည်ဖြည့်တင်း၍ မရသည့် သယံဇာတများလည်းရှိကြောင်း။
  • သစ်ပင်သစ်တော ဟူသည်မှာ သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးစေနိုင်သည့် စွမ်းပကားများရှိသကဲ့သို့ လူသားများ၏ လုပ်ဆောင်ဖန်တီးမှုများဖြင့်လည်း ပြန် လည်ဖြည့်တင်းပေးနိုင်သည့်အရာဖြစ်ကြောင်း။
  • သစ်တောများနှင့်နီးကပ်နေသည့် ကျေးလက်ဒေသများတွင် သစ်ပင်သစ်တော များကို ထိန်းသိမ်းကြရေးနှင့် မြို့ပြများတွင် နေထိုင်ကြသူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုရရှိစေရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် လွှမ်းခြုံဆောင်ရွက်သင့်ကြောင်း။
  • ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှစပြီး သစ်ပင် စိုက်ပျိုး ပွဲတွေကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၃ ခုနှစ် တတိယအကြိမ် သစ်ပင် စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း ၁၉၀,၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၁၀၉,၈၈၅ ပင်ရှင်သန်ဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသည့်အတွက် ၅၅ ရာခိုင်နှုန်း ခန့်သာ ရှင်သန်ဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း။
  • ထို့ကြောင့် သစ်ပင်စိုက်ပျိုးပွဲများကို အချိန်နှင့် လူအင်အားအသုံးပြု၍ ဆောင် ရွက်ရသည့်နည်းတူ အကျိုးရှိရှိ အောင်မြင်ဖြစ်ထွန်းမှုရှိစေရေး စိုက်ပျိုးကြသည့် သူများက ရှင်သန်မှုရှိအောင် စိုက်ပျိုးကြရန်လိုသကဲ့သို့ ထိန်းသိမ်းရန် တာဝန် ရှိသူများအနေဖြင့်လည်း ရာနှုန်းပြည့်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်မှာကြား လိုကြောင်း။
  • စတင်စိုက်ပျိုးပြီးချိန်မှစ၍ အောင်မြင်ဖြစ်ထွန်းသည့်အချိန်အထိ ထိန်းသိမ်းပြုစု ခြင်းလုပ်ငန်းစဉ်များကို ရာသီအလိုက်၊ အပင်သက်တမ်းအလိုက် မပျက်မကွက် ဆောင်ရွက်သည့် စနစ်တစ်ရပ်အဖြစ် လုပ်ဆောင်သွားကြရန် ပြောကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အခမ်းအနားတက် ရောက်လာကြသည့် အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကို စိုက်ပျိုးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြခဲ့ပါသည်။

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေး အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၉ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၉၄,၀၀၁ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၇,၃၈၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၅,၂၅၅ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်၌ ၂၀,၁၃၅ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉,၅၂၅ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၃,၆၁၈ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၄,၆၁၃ ပင်၊ အရှေ့ တောင် တိုင်းစစ်ဌာနချုပ်၌ ၅,၄၄၅ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၃,၅၂၉ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၉,၀၈၃ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၁၃,၂၃၀ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၉၆၄ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်၌ ၉,၁၁၂ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၀,၂၀၇ ပင်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၌ ၁၀,၀၅၀ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုး ခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် စက်တင်ဘာလ ၇ ရက်တွင် စုစုပေါင်း သစ်ပင် ၁၇၅,၆၇၄ ပင် ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၉-၂၀၂၃)

 

  • သစ်တောများနှင့်နီးကပ်နေသည့် ကျေးလက်ဒေသများတွင် သစ်ပင်သစ်တောများ ကို ထိန်းသိမ်းကြရေးနှင့် မြို့ပြများတွင် နေထိုင်ကြသူများအနေဖြင့်လည်း မိမိပတ် ဝန်းကျင် စိမ်းလန်းစိုပြေမှုရရှိစေရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် လွှမ်းခြုံဆောင်ရွက်သင့်။
  • သစ်ပင်စိုက်ပျိုးပွဲများကို အချိန်နှင့်လူအင်အားအသုံးပြု၍ ဆောင်ရွက်ရသည့်နည်းတူ အကျိုးရှိရှိ အောင်မြင်ဖြစ်ထွန်းမှုရှိစေရေး စိုက်ပျိုးကြသည့်သူများက ရှင်သန်မှုရှိ အောင် စိုက်ပျိုးကြရန်လိုသကဲ့သို့ ထိန်းသိမ်းရန်တာဝန်ရှိသူများအနေဖြင့်လည်း ရာနှုန်းပြည့်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်။
  • စတင်စိုက်ပျိုးပြီးချိန်မှစ၍ အောင်မြင်ဖြစ်ထွန်းသည့်အချိန်အထိ ထိန်းသိမ်းပြုစု ခြင်းလုပ်ငန်းစဉ်များကို ရာသီအလိုက်၊ အပင်သက်တမ်းအလိုက် မပျက်မကွက် ဆောင်ရွက်သည့် စနစ်တစ်ရပ်အဖြစ် လုပ်ဆောင်သွားကြရန်။
  • တပ်မတော်တစ်ရပ်လုံးအနေဖြင့် စက်တင်ဘာလ ၇ ရက်တွင် စုစုပေါင်း သစ်ပင် ၁၇၅,၆၇၄ ပင် ကို စိုက်ပျိုးခဲ့။

Add new comment