ကူမင်းမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ အသိပေးပြောကြားချက်

        တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၄ ရက်တွင် မီဒီယာများ၊ အဖွဲ့အစည်းများသိစေရန် အောက်ပါအတိုင်း ထုတ်ပြန်ပြောကြားခဲ့ပါသည်။

  • ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး၊ ဆက်လက်ဆွေးနွေးရသည်များကို မထိခိုက်စေရေးအတွက် ဆွေးနွေးခဲ့သည့် အချက်အလက်များကို နှစ်ဦးနှစ်ဘက်က ထုတ်ဖော်မပြောရန်အတွက် သဘောတူထားသည့် ဆွေးနွေးပွဲအမျိုးအစားများဖြစ်ကြောင်း။
  • ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံပိုင်နက်နယ်နမိတ် အချုပ်အခြာအာဏာ Sovereignty သည် ဆက်လက်ခိုင်မြဲနေမည်ဖြစ်ကြောင်း။
  • ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝတည်ငြိမ်ရေးကိုရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးနှင့် ပဋိပက္ခလျော့ချရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။
  • နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့သည် နှစ်နိုင်ငံအစိုးရများ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိမည်ဖြစ်ကြောင်း။
  • တရုတ်-မြန်မာနှစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အကျိုးစီးပွားများကို မြန်မာအစိုးရအနေဖြင့် အလေးထားကာကွယ်မှုများ ဆောင်ရွက်နေပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးကို ထိခိုက်စေသည့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ၊ Cyber မှုခင်းကိစ္စများကို နှစ်နိုင်ငံအစိုးရနှစ်ရပ် ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေများကို အသုံးပြုပြီး အိမ်းနီးချင်းနိုင်ငံများ၏အကျိုးစီးပွားကို ထိခိုက်အောင်လုပ်ဆောင်သည့် မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမည်မဟုတ်ကြောင်းပြောကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိပါသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၄)

 

  • ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး၊ ဆက်လက်ဆွေးနွေးရသည်များကို မထိခိုက်စေရေးအတွက် ဆွေးနွေးခဲ့သည့် အချက်အလက်များကို နှစ်ဦးနှစ်ဘက်က ထုတ်ဖော်မပြောရန်အတွက် သဘောတူထားသည့် ဆွေးနွေးပွဲအမျိုးအစားများဖြစ်။
  • နိုင်ငံ၏ နိုင်ငံပိုင်နက်နယ်နမိတ် အချုပ်အခြာအာဏာ Sovereignty သည် ဆက်လက်ခိုင်မြဲနေမည်ဖြစ်။
  • နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့သည် နှစ်နိုင်ငံအစိုးရများ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိမည်ဖြစ်။
  • နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးကို ထိခိုက်စေသည့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ၊ Cyber မှုခင်းကိစ္စများကို နှစ်နိုင်ငံအစိုးရနှစ်ရပ် ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမည်ဖြစ်။
  • မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေများကို အသုံးပြုပြီး အိမ်းနီးချင်းနိုင်ငံများ၏အကျိုးစီးပွားကို ထိခိုက်အောင်လုပ်ဆောင်သည့် မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမည်မဟုတ်။

Add new comment