အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေး(Martial Law) အမိန့်ထုတ်ပြန်

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်တို့တွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် မတ်လ ၄ ရက်တွင် အမိန့်အမှတ် ၃/၂၀၂၄ နှင့် ၄/၂၀၂၄ တို့ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

တိုင်းမှူးသည် အချိန်နှင့်တစ်ပြေး ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ ကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်အထိ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ထုတ်ပြန်ခဲ့သည့် မြို့နယ်ပေါင်း ၆၁ မြို့နယ်ရှိကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၃-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်တို့အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် အမိန့်ထုတ်ပြန်ခဲ့။

  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်အထိ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန်ခဲ့သည့် မြို့နယ်ပေါင်း ၆၁ မြို့နယ်ရှိ။

 

Add new comment