နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
-
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်အထိ ၁၀ လတာကာလအတွင်း စုစုပေါင်းပျားရည် မက်ထရစ်တန်ချိန် ၁၇၂၆ ဒသမ ၄၂ တန် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၈၉ သန်းရရှိခဲ့။
-
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁ လအတွင်း စုစုပေါင်းဆန်တန်ချိန် ၁,၄၆၅,၇၉၃ တန် တင်ပို့ခဲ့။
-
ယခုဘဏ္ဍာနှစ် ဧပြီလမှဖေဖော်ဝါရီလအထိ ၁၁ လအတွင်း စုစုပေါင်းပဲတန်ချိန် ၁,၂၉၂,၇၆၆ တန် တင်ပို့ခဲ့။
-
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁ လအတွင်း စုစုပေါင်းပြောင်းတန်ချိန် ၈၉၁,၀၃၈ တန် တင်ပို့ခဲ့။
-
ယခုဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လအတွင်း လယ်ယာထွက်ကုန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ နီးပါးကိုပင်လယ်ရေကြောင်းမှ ပြည်ပသို့တင်ပို့ခဲ့ပြီးဖြစ်။
ပွင့်လင်းရာသီဖြစ်သော ၂၀၂၃ အောက်တိုဘာလမှစ၍ မြန်မာ့လယ်ယာထွက်ကုန်ကောက်ပဲသီးနှံများကို ပြည်ပသို့ တိုးမြှင့်တင်ပို့လာခဲ့ရာ ယခုနှစ် မတ်လ ၁ ရက်တွင် ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများတွင် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ တံတားနေရာအပြည့်ဆိုက်ကပ်၍ ကုန်တင်ကုန်ချဆောင်ရွက်လျက်ရှိသဖြင့် ဆိပ်ကမ်းတံတားများအတွင်း ကုန်စည်ပို့ဆောင်ရေး ကိုယ်စားလှယ်များ၊ ကုန်တင်ယာဉ်ကြီးများဖြင့် စည်ကားလျက်ရှိသည့်အပြင် နေ့/ညအဆိုင်းလိုက် တာဝန်ထမ်းဆောင်နေကြသည့် ဆိပ်ကမ်းဝန်ထမ်းများနှင့် လုပ်သားကြီးများဖြင့်လည်း လှုပ်ရှားစည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၄)
-
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်အထိ ၁၀ လတာကာလအတွင်း စုစုပေါင်းပျားရည် မက်ထရစ်တန်ချိန် ၁၇၂၆ ဒသမ ၄၂ တန် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၈၉ သန်း ရရှိခဲ့။
-
ယခုဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လအတွင်း လယ်ယာထွက်ကုန်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ နီးပါးကိုပင်လယ်ရေကြောင်းမှ ပြည်ပသို့တင်ပို့ခဲ့။
-
ပွင့်လင်းရာသီ ရန်ကုန်ဆိပ်ကမ်း၌ ပြည်ပသို့ ဆန်၊ ပဲ၊ ပြောင်း တင်ပို့မည့် သင်္ဘောကြီးများဖြင့် စည်ကားလျက်ရှိ။
Add new comment