ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မတ်လ ၄ ရက်တွင် တာဝန်ပြီးဆုံး၍ သီရိလင်္ကာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအခွင့်အလမ်းများ၊ နှစ်နိုင်ငံရေပိုင်နက်အတွင်း လုပ်ကိုင်လျက်ရှိသည့် ကမ်းဝေးငါးဖမ်းလုပ်ငန်းများအနေဖြင့် နိုင်ငံတကာပင်လယ်ရေကြောင်း နယ်နိမိတ်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးစသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအခွင့်အလမ်းများ၊ နှစ်နိုင်ငံရေပိုင်နက်အတွင်း လုပ်ကိုင်လျက်ရှိသည့် ကမ်းဝေးငါးဖမ်းလုပ်ငန်းများအနေဖြင့် နိုင်ငံတကာပင်လယ်ရေကြောင်း နယ်နိမိတ်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးစသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment