ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံပြည်သူများသို့ အမေရိကန် ဒေါ်လာ ၁၇ သန်းတန်ဖိုးရှိ Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂) သန်း doses အား လှူဒါန်းခဲ့ရာ ပထမအသုတ် (၁) သန်း doses သည် ဇန်နဝါရီလ ၉ ရက် တွင် မြန်မာနိုင်ငံသို့ရောက်ခဲ့ပြီး ဒုတိယအသုတ်ကာကွယ်ဆေး (၁)သန်း doses သည် ဇန်နဝါရီလ ၂၃ ရက်တွင် ထပ်မံရောက်ရှိလာခဲ့ပါသည်-
- ဒုတိယအသုတ်အဖြစ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ဒုတိယအသုတ် (၁) သန်း doses အား ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့။
- ၂၀၂၂ ခုနှစ်အတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်ရေးအတွက် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်။
- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ COVISHIELD ၁၅ ဒသမ ၄ သန်း၊ Sinopharm ၂၆ ဒသမ ၇ သန်း၊ Sinovac ၃ သန်း၊ Sputnik-V ၁ သန်းဖြင့် ၄၆ ဒသမ ၁ သန်း၊ လှူဒါန်းမှုမှ COVISHIELD ၂ ဒသမ ၅ သန်း၊ Sinopharm ၃ ဒသမ ၆ သန်း၊ Sinovac ၆ ဒသမ ၇ သန်း၊ Covaxin ၃ ဒသမ ၂ သန်း၊ Sputnik-V ၀ ဒသမ ၄ သန်းဖြင့် ၁၆ ဒသမ ၄ သန်း ရရှိခဲ့ရာ စုစုပေါင်း ၆၂ ဒသမ ၅ သန်း ခန့်ရရှိခဲ့ပြီးဖြစ်။
မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါသည်။
- ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (၁) သန်း doses ထပ်မံရောက်ရှိ။
- ၂၀၂၂ ခုနှစ်အတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်ရေးအတွက် သတ်မှတ် ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်။
- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၄၆ ဒသမ ၁ သန်းနှင့် လှူဒါန်းမှုမှ ၁၆ ဒသမ ၄ သန်း ရရှိခဲ့ရာ စုစုပေါင်း ၆၂ ဒသမ ၅ သန်း ခန့်ရရှိခဲ့ပြီးဖြစ်။
Add new comment