တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

        တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ The Irrawaddy-Burmese Edition မှ တင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောလင်းမြို့နယ်ရှိ ကျေးရွာအချို့ကို မီးရှို့ပြီး အရပ်သား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဟူသည့်သတင်းများသည် ကောလာဟလသတင်းအမှားများဖြစ်ပြီး သတင်းအမှန်မှာ ကောလင်းမြို့နယ်အတွင်း မိုင်းရှင်းလင်းခြင်း လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို KIA နှင့် PDF အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာများအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ခြင်းသာဖြစ်။
  • တရားမဝင်မီဒီယာ Shwe Phee Myay News Agency မှ တင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက မြင်းခြံမြို့နှင့် နွားထိုးကြီးမြို့နယ်အစပ်ရှိ ကျေးရွာများအတွင်းမှ ဒေသခံများကို ခြိမ်းခြောက်၍မောင်းထုတ်ပြီး ရွှေငွေများယူဆောင်သွားခဲ့ဟူသည့်သတင်းသည် မှန်ကန်မှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများတွင် PDF အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေး နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက လူမှုကွန်ရက်များပေါ်တွင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းအတု၊ သတင်းအမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၄)

 

  • လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောလင်းမြို့နယ်ရှိ ကျေးရွာအချို့ကို မီးရှို့ပြီး အရပ်သား ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဟူသည့်သတင်းများသည် ကောလာဟလသတင်းအမှားများဖြစ်ပြီး သတင်းအမှန်မှာ KIA နှင့် PDF အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ခြင်းသာဖြစ်။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက မြင်းခြံမြို့နှင့် နွားထိုးကြီးမြို့နယ်အစပ်ရှိ ကျေးရွာများအတွင်းမှ ဒေသခံများကို ခြိမ်းခြောက်၍မောင်းထုတ်ပြီး ရွှေငွေများယူဆောင်သွားခဲ့ဟူသည့်သတင်းသည် မှန်ကန်မှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် လုပ်ကြံရေးသားထားခြင်းသာဖြစ်။

Add new comment