ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain  အား မတ်လ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစည်းဆက်သွယ်မှုအပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို စတင်အကောင်အထည် ဖော်နိုင်ရေးနှင့်  ဒေသတွင်းနှင့်  နိုင်ငံတကာရေးရာအကျိုးတူကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစည်းဆက်သွယ်မှုအပါအဝင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို စတင်အကောင်အထည်ဖော်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့။

Add new comment