နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

         နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိရာ-

  • မတ်လ ၄ ရက်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၅၀,၀၀၀,၀၀၀ နှင့် ငွေကျပ် ၂၂,၂၂၁,၃၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများအားလည်းကောင်း ဂုဏ်ပြုထောက်ပံ့ပေးအပ်နိုင်ခဲ့ပါသည်။

တာဝန်ရှိသူများက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်ခဲ့ပြီးနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၄)

 

  • ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုဝင် စေတနာရှင်/အလှူရှင်များ၊ ပဲခူးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့၏ စုပေါင်းပါဝင်လှူဒါန်းမှုတို့ဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်စုစုပေါင်း ၁၅၀,၀၀၀,၀၀၀၊  ငွေကျပ် ၅၄,၁၃၂,၂၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးအား ဂုဏ်ပြုပေးအပ်ခဲ့။

Add new comment