ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား လက်ခံတွေ့ဆုံ

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာညွန့်ဖေနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar အား စက်တင် ဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

  • ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆက် လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အကြား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ ပညာရေးနှင့် သတင်း အချက်အလက် နည်းပညာကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ကို ပိုမိုနီးကပ်စွာဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် နှစ်ဖက်ဆက်လက် ပူးပေါင်းဆောင် ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကောင်စစ်ဆိုင်ရာကိစ္စရပ်များတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့်ကုလသမဂ္ဂအပါအဝင် ဒေသဆိုင်ရာနှင့် နိုင်ငံ တကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ် အားလိုင်းစီမံကိန်းဆိုင်ရာကိစ္စနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တွေ့ဆုံစဉ် Naypyitaw State Acade- my ၌ ဘာသာရပ်ခြောက်ခုတွင် ပါရဂူတန်းများ ဖွင့်လှစ်မည်ဖြစ်သောကြောင့် အိန္ဒိယတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ငါးခု နှင့် အိန္ဒိယနိုင်ငံရှိ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရေး၊ ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေး၊ Open University ကို အွန်လိုင်း ဖြင့် ပို့ချပေးနိုင်မည့်အခြေအနေ၊ အိန္ဒိယပညာရေးဌာနများမှ အဆင့်မြင့်အရာရှိများ နှင့် မြန်မာဘက်မှ ညွှန်ကြားရေးမှူးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် ချိတ်ဆက်ဆွေး နွေးရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်တွေ့ဆုံစဉ် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အင်ဂျင်နီယာ ပညာတော်သင်များ စေလွှတ်၍ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူး ပေါင်းဆောင်ရွက် သွားရေး၊ ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့။

Add new comment