ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီရှစ်ပါတီအား နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဦးကိုကိုလွင် တို့သည် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ် ဒီမို ကရက်တစ်ပါတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းပြည်နယ်အခြေစိုက် ခူမီးအမျိုးသားပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက် ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ၊ နာဂအမျိုးသားပါတီ၊ မွန်ပြည်နယ်အခြေစိုက် အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီနှင့် ရှမ်းပြည်နယ်အခြေစိုက် “ဝ”အမျိုးသား ပါတီတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို စက်တင်ဘာလ ၅ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးခဲ့ပါ သည်။

တွေ့ဆုံစဉ် ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင် ရွက်ခွင့်ပြုသွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်နှင့် လာမည့်ရွေးကောက်ပွဲတွင် MEVM (Myanmar Electronic Voting Machine) စက်ဖြင့် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီရှစ်ပါတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၃)

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော နိုင်ငံရေး ပါတီရှစ်ပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့။

Add new comment