နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ရှိ သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ မန္တလေးတောင် ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်သို့ သွားရောက်၍ နိုင်ငံတော် ဩဝါဒါစရိယ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်အား ဖူးမြော်ကြည်ညိုပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ (၈) ပါးစုံ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူငွေကျပ်သိန်း ၁၅၀၊  ဆွမ်းဆန်တော်၊ ပဲ၊ ဆီ၊ အာလူး၊ ကြက်သွန်၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတောင်ဆုတောင်း ပြည့်မြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်းများကပ်လှူခြင်း၊ ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းခြင်းတို့ကိုဆောင်ရွက်၍ သမိုင်းဝင် မန္တလေးတောင်တော်နှင့် ဆုတောင်းပြည့်မြတ်စွာဘုရားကြီး တောင်တက်လမ်း၊ စောင်းတန်းများ၊ ရင်ပြင်တော်နှင့် ဘုရားကြီး၏အမိုးပြဿဒ်များ ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များနှင့်ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်း ဆန်တော်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့။
  • နိုင်ငံတော်ဝန်ကြီးချုပ်က သမိုင်းဝင် မန္တလေးတောင်တော်နှင့် ဆုတောင်းပြည့် မြတ်စွာဘုရားကြီး တောင်တက်လမ်း၊ စောင်းတန်းများ၊ ရင်ပြင်တော်နှင့် ဘုရားကြီး၏ အမိုးပြဿဒ်များ ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များ မှာကြားခဲ့။

Add new comment