နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

          ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို စက်တင် ဘာလ ၅ ရက်တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက် အမှတ်(၁၃)အတွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦး ဆောင်စိုက်ပျိုးပေးခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာန များမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာ ဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်-

  • သစ်တောများသည် လုပ်ငန်းကဏ္ဍအသီးသီးနှင့် ဆက်စပ်နေပြီး စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင် (၃) ရပ်ကို ဟန်ချက်ညီညီ ထိန်းညှိ ပေးကာ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် အဓိက ကဏ္ဍတွင် ပါဝင်နေကြောင်း။
  • မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လ အတွင်း အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟုသိရှိရကြောင်း၊ ယခင်အတွေ့ အကြုံများအရ မိုးခေါင်ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ်နိုင်သည့် အတွက် ပူပြင်းခြောက်သွေ့ဒဏ် ခံနိုင်မှုရှိစေရေးနှင့် ရေပြတ်လပ်မှုမရှိစေရေး ကဏ္ဍ အလိုက် ကြိုတင်ပြင်ဆင်သွားကြရန် လိုအပ်ကြောင်း။
  • ရာသီဥတုပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ် ရေးတို့အတွက် အလွန်အရေးပါသည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံက ရှုမြင်သုံးသပ်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် ဆောင်ရွက်သွားကြရန် တိုက်တွန်း နှိုးဆော်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကံ့ကော်ပျိုး ပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြေစေရေးအတွက် စိုက်ပျိုးထားရှိ သည့် လင်းလွန်းပင်၊ လုမ္ဗိနီအင်ကြင်းပင်နှင့် ကံ့ကော်ပင်စသည့် သစ်ပင်များ ရှင်သန် ဖြစ်ထွန်းလျက်ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သစ်ပင် များ စဉ်ဆက်မပြတ် ရှင်သန်ဖြစ်ထွန်းစေရေးနှင့် ဘုရားကြီးပရိဝုဏ်အတွင်း စိမ်းလန်း စိုပြေမှုရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါ သည်။

၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက် စသည့်သစ်မျိုးများအပါဝင် သစ်မျိုး ၁၅ မျိုး၊ အပင် ပေါင်း ၂၅၂၀ ပင်ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ သစ်ပင်များကို တစ်နိုင်ငံလုံး အရှိန် အဟုန်ဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း များအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုး တည်ထောင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၃)

 

  • မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လ အတွင်း အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟုသိရှိရ။
  • ရာသီဥတုပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ် ရေးတို့အတွက် အလွန်အရေးပါသည့် သစ်ပင်သစ်တောများ ထိန်းသိမ်းရေးလုပ်ငန်း များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် သွားကြ ရန်လို။
  • ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက် စသည့်သစ်မျိုးများအပါဝင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို စိုက်ပျိုးခဲ့ပြီး ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုးတည်ထောင်ခဲ့။

 

Add new comment