ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်း စာနာထောက် ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ကို လက်ခံတွေ့ဆုံ

          ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ဦးဆောင်သောအဖွဲ့ကို စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံစဉ် ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Under-Secretary-General Mr. Martin Griffiths ၏ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်နောက်ပိုင်း မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်း များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်တွေ့ဆုံစဉ် ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာညှိနှိုင်းရေးမှူး Under Secretary General Mr. Martin Griffiths ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့မှု၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA တို့ အကြား သဘောတူညီမှုစာလွှာ (LoA) သက်တမ်းတိုးရေးကိစ္စ၊ ပြည်ဝင်ဗီဇာဆိုင်ရာ ကိစ္စ၊ ပြည်တွင်းခရီးသွားလာခွင့်ကိစ္စ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အသင်းအဖွဲ့ မှတ်ပုံတင်ရေးဆိုင်ရာကိစ္စတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများ UNOCHA ၏ အကြီးအကဲနှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိ နှိုင်းရေးမှူး၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ညှိနှိုင်းဆောင်ရွက် ပေးခဲ့မှုနှင့်ပတ်သက် ၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

Add new comment