ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး “Consultative Workshop on Myanmar e-Governance Master Plan 2030 (မူကြမ်း)" အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

        မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများကို အစိုးရအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သည့် အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများအသီးသီးမှ လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ “Consultative Workshop on Myanmar e-Governance Master Plan 2030 (မူကြမ်း)" အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာလ ၅ ရက်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက−

  • ယနေ့ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးသည် အုပ်ချုပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသော ကဏ္ဍအသီးသီးတွင် Digital Transformation ကို ဦးစား ပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံ၏ Digital Transformation ခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင် ရန်အတွက် e-Government အား မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
  • ကမ္ဘာတစ်ဝန်း လျင်မြန်စွာပြောင်းလဲတိုးတက်နေသည့် Digital World၊ New Digital trends များနှင့်အတူ နောက်ကျကျန်ခြင်းမရှိဘဲ လိုက်ပါဆောင်ရွက် နိုင်ရန် ယခင် e-Governance Master Plan ကို ဖြည့်စွက်မွမ်းမံပြင်ဆင်ပြီး ယခု Myanmar e-Governance Master Plan 2030 ရေးဆွဲခြင်းခဲ့ခြင်းဖြစ်ကြောင်း။
  • ယခုမူကြမ်းတွင် မျှော်မှန်းချက်၊ ရည်ရွယ်ချက်များ၊ မဟာဗျူဟာများ၊ လုပ်ငန်း စဉ်မူဘောင်များကို ထည့်သွင်းရေးဆွဲထားပြီး ၂၀၃၀ ပြည့်နှစ်အထိ ကာလတို၊ ကာလရှည်အချိန်အပိုင်းအခြားအလိုက် ဆောင်ရွက်ရန်လုပ်ငန်းများ၊ တည် ဆောက်သွားသင့်သော နည်းပညာအခြေခံအဆောက်အဦများ၊ ရေးဆွဲပြဌာန်း သင့်သော ICT ဆိုင်ရာဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်း သတ်မှတ်ချက်များကိုလည်း ပြည့်စုံစွာ ထည့်သွင်းထားကြောင်း။
  • အဆိုပါလုပ်ငန်းအစီအမံများကို ထိရောက်အကျိုးရှိစွာ စနစ်တကျ အကောင် အထည်ဖော်ဆောင်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက်(၉)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အထောက်အပံ့ ကောင်းဖြစ်စေပြီး ရေရှည်တည်တံ့ ခိုင်မြဲသော၊ ဆန်းသစ်တီထွင်မှုများနှင့် အား လုံးပါဝင်နိုင်သည့်အခြေအနေများကို လမ်းဖွင့်ပေးထားသော၊ နိုင်ငံတကာ/ အာဆီယံအသိုက်အဝန်းများနှင့်ပေါင်းစည်းသော Digital Economy ဖွံ့ဖြိုးတိုး တက်မှုကို ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ  ပြည်ထောင်စု ဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ Chief Information Officer (CIO) များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၃)

 

  • မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများကို အစိုးရအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သည့် အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများအသီးသီးမှ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ “Consultative Workshop on Myanmar e-Governance Master Plan 2030 (မူကြမ်း)" အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့။

Add new comment