လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့သည် စက်တင်ဘာလ ၄ ရက်တွင် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် စက်တင်ဘာလ ၅ ရက်တွင်လည်းကောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးအသီးသီး၏ ဧည့်ခန်းမဆောင်များ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာ - ထိုင်းနှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စနှင့် နှစ် နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ် သက်၍ ဆွေးနွေးခဲ့။
- စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ပို့ဆောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာပူးပေါင်း ဖလှယ်ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူ များ ဝင်/ထွက်သွားလာမှု စနစ်တကျဖြစ်စေရေးနှင့် တရားမဝင် ဝင်/ ထွက်သွား လာမှုမရှိစေရေး၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း လူကုန်ကူးခံရသည့် ထိုင်းနိုင်ငံသား များအား မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနအဖွဲ့အစည်းများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ်တွင် တရားမဝင်ဝင်ရောက်၍ အင်တာနက်လိုင်းများ အသုံးပြုကာ Online ဂိမ်းများဖြင့် လိမ်လည်မှုများ ဆောင်ရွက်နေကြသူများအား ထိရောက်စွာ တားဆီးကာကွယ် နိုင်ရေးအတွက် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၃)
- တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ - ထိုင်းနှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာနှင့် နည်း ပညာပိုင်းဆိုင်ရာ ပူးပေါင်းဖလှယ်ဆောင်ရွက်ရေးကိစ္စရပ်များ၊ နယ်စပ်ဒေသ အပါ အဝင် နှစ်နိုင်ငံပြည်သူများ ဝင်/ထွက်သွားလာမှု စနစ်တကျဖြစ်စေရေးကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
Add new comment