ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း The Global New Light of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို စက်တင်ဘာလ ၅ ရက်တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့ပါသည်။
သဘောတူစာချုပ် ချုပ်ဆိုပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် စာတည်းမှူးချုပ်များ၊ SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူး Mr. Vasily Pushkov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာ၌-
- ယခုကဲ့သို့ နိုင်ငံတကာအဆင့်အတန်းမီပြီး ဂုဏ်သိက္ခာရှိသည့် သတင်းအေဂျင်စီ တစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် မြန်မာမီဒီယာသမားများအတွက် အားတစ်ခုဖြစ်စေပြီး သတင်းရေးသားတည်းဖြတ်မှုများ၊ ဓာတ်ပုံရိုက်ကူးမှု နည်း ပညာတို့ကိုပါ လေ့လာခွင့်ရရှိမည်ဖြစ်သလို စာနယ်ဇင်းအတတ် ပညာဆိုင်ရာ များကို နှစ်ဖက်အပြန်အလှန်လေ့လာခွင့်ရမည်လည်းဖြစ်ကြောင်း။
- ညီရင်းအစ်ကိုတမျှဆက်ဆံရေးခိုင်မာလျက်ရှိပြီး ချစ်ကြည်ရင်းနှီးကြသည့် မြန်မာ-ရုရှားဆက်ဆံရေးကို အကြောင်းပြု၍ ယခုစာချုပ်ချုပ်ဆိုကြမည့် စာချုပ်ဝင်များက သတင်းပြန်ကြားရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု၊ လူသားချင်း စာနာမှု၊ အားကစား၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ သတင်းများရေးသားတင်ပြ နိုင်ရေး၊ သတင်းစီးဆင်းမှုပိုမိုသွက်လက်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှု၊ ထပ်တူကျမှုတို့ရရှိစေရေးဆိုသည့် ရည်ရွယ်ချက်များ အောင်မြင် အောင် စီမံဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရှေ့မှောက်၌ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ The Global New Light of Myanmar ၏ Board of Director ဥက္ကဋ္ဌ ဦးသက်ဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးညွှန်ကြားရေးမှူး Mr. Vasily Pushkov တို့က သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၃)
- ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း The Global New Light of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့အကြား သတင်း အချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့။
- နိုင်ငံတကာအဆင့်အတန်းမီပြီး ဂုဏ်သိက္ခာရှိသည့် သတင်းအေဂျင်စီတစ်ခုနှင့် ပူး ပေါင်းဆောင်ရွက်နိုင်မှုကြောင့် မြန်မာမီဒီယာသမားများအတွက် အားတစ်ခုဖြစ်စေ ပြီး သတင်းရေးသားတည်းဖြတ်မှုများ၊ ဓာတ်ပုံရိုက်ကူးမှု နည်းပညာတို့ကိုပါ လေ့ လာခွင့်ရရှိမည်ဖြစ်သလို စာနယ်ဇင်းအတတ်ပညာဆိုင်ရာများကို နှစ်ဖက်အပြန် အလှန် လေ့လာခွင့်ရမည်လည်းဖြစ်။
Add new comment