အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၏ ရန်ကုန်-မန္တလေး-နိုဗိုဆီဘရစ် ခရီးစဉ်စတင်ပျံသန်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၅ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Pavel Klapukov ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ Yangon Aerodrome Company Limited မှ CEO နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက−
- အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက စတင်ပျံသန်းသည့် လေကြောင်းခရီး စဉ်သစ်သည် မြန်မာနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုမှာ ပဓာနကျသည့် ရှေ့ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း။
- မြန်မာ-ရုရှား လေကြောင်းကွန်ရက်ချိတ်ဆက်မှုမှတစ်ဆင့် နှစ်နိုင်ငံအကြား အဓိကကျသော ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးမြင့်မားလာနိုင်ပြီး ကဏ္ဍအားလုံးတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု များ ရှိလာနိုင်မည်ဖြစ်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက် အကူပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း၏ ရန်ကုန် - မန္တလေး - နိုဗိုဆီဘရစ် ခရီးစဉ်ပြေးဆွဲခြင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက် ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ နိုဗိုဆီဘရစ်မြို့အကြား တိုက်ရိုက်ခရီးစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် (အင်္ဂါနေ့နှင့် စနေနေ့) တို့တွင် ပုံမှန်ပျံသန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၃)
- အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက စတင်ပျံသန်းသည့် လေကြောင်းခရီးစဉ် သစ်သည် မြန်မာနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အနီးကပ်ပူးပေါင်းဆောင် ရွက်မှုမှာ ပဓာနကျသည့် ရှေ့ခြေလှမ်းသစ်တစ်ရပ်ဖြစ်။
- မြန်မာ-ရုရှား လေကြောင်းကွန်ရက်ချိတ်ဆက်မှုမှတစ်ဆင့် နှစ်နိုင်ငံအကြား အဓိက ကျသော ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး မြင့်မားလာနိုင်ပြီး ကဏ္ဍအားလုံးတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုများ ရှိလာနိုင် မည်ဖြစ်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုမည်ဟု ယုံကြည်။
Add new comment