နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးမြို့ရှိ ဘာသာပေါင်းစုံအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများအား ဇန်နဝါရီလ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင်-
- မန္တလေးမြို့သည် သမိုင်းအစဉ်အလာကြီးသည့် မြို့တစ်မြို့ဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ ပေါ်ထွန်းရာနေရာတစ်ခု ဖြစ်သကဲ့သို့ အခြားဘာသာများနှင့်ပတ်သက်၍လည်း အရေးပါသည့်မြို့တစ်မြို့ဖြစ်ကြောင်း။
- အလားတူ နိုင်ငံ့ခေါင်းဆောင်များနှင့် အနုပညာသည်များပေါ်ထွန်းရာ မြို့တစ်မြို့ ဖြစ်သကဲ့သို့ စီးပွားရေးအရ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးအခြေခံကောင်းများ များစွာရှိသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း။
- မိမိအနေဖြင့် မန္တလေးမြို့အား တိုးတက်စေလိုသည့် စိတ်ဆန္ဒရှိကြောင်း၊ ပါတီစုံ ဒီမိုကရေစီအစိုးရသက်တမ်းများအတွင်း မန္တလေးမြို့သည် သိသိသာသာတိုးတက်လာသည်ကို တွေ့ရှိရပြီး အဆိုပါတိုးတက်မှုများကို ယခုထက်ပိုမိုအသုံးချနိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးတွင် အချက်အခြာကျသည့် ဒေသတစ်ခု၊ မြို့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။
- မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်တွင်လည်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ နန်းမြို့ရိုးအား ထိန်းသိမ်းခြင်း၊ နန်းမြို့တွင်းရှိ နန်းတော်ရာ၊ အမြောက်ပြတိုက်၊ ဘုတ်တလုပ်ကန်နှင့် အခြားသမိုင်း ဝင်ရှေးဟောင်းအမွေအနှစ်နေရာများအား ပြုပြင်ထိန်းသိမ်း ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။
- နေပြည်တော်၌လည်း မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့်ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော် အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည့် မာရဝိဇယစေတီတော်ကြီးကို တည်ဆောက်လျက်ရှိပြီး အဆိုပါစကျင်ကျောက်များသည် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာ မြို့နယ်မှ ထွက်ရှိသည့်ကျောက်များဖြစ်ကြောင်း။
- မန္တလေးသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဖြစ်သဖြင့် မြန်မာမင်းဆက်၏ ယဉ်ကျေးမှုများနှင့်ဂုဏ်ကို ပြန်လည်ထိန်းသိမ်းခြင်းများ လုပ်ဆောင်ရမည်ပင်ဖြစ် ကြောင်း။
- စီးပွားရေးနှင့်ပတ်သက်၍ မန္တလေးမြို့သည် ဗဟိုချက်မဖြစ်ပြီး နိုင်ငံအဝန်းသို့ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း။
- မန္တလေးတိုင်းဒေသကြီးတွင် မိုးရွာရက်နည်းပါးခြင်းနှင့် မိုးရေချိန်နည်းပါးခြင်းတို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဆောင်ရွက်၍ရနိုင်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။
- လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ရထားလမ်းများ၊ ကားလမ်းများကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရထားဖြင့်သယ်ယူပို့ဆောင်မှုသည် လူများစွာဖြင့် ကုန်တန်ချိန်ပေါင်းများစွာကို သယ်ယူပို့ဆောင်ပေးနိုင်သဖြင့် ရထားလမ်းများကောင်းမွန်စေရေး အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရထားများအချိန်မှန်ပြေးဆွဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။
- မန္တလေးမြို့သည် စိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံသည့် SME လုပ်ငန်းများ ဆောင် ရွက်၍ရသည့် အခြေခံကောင်းများရှိသကဲ့သို့ ယဉ်ကျေးမှုမြို့တော်၊ ရှေးဟောင်းမြို့ တော်ဖြစ်သဖြင့် ဘုရား၊ ကျောင်းကန်များ များစွာရှိသကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်များ များစွာရှိကြောင်း၊ အဆိုပါယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းဆောင်ရွက်၍ ခရီးသွားများကိုဆွဲဆောင်ပြီး ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်၍ရကြောင်း။
- နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံကိုယ်ကြီးပွားတိုးတက်အောင် ဆောင်ရွက်နေကြကြောင်း၊ မိမိတို့နိုင်ငံတိုးတက်အောင် မဆောင်ရွက်နိုင်သည့် အစိုးရများဆိုပါက နိုင်ငံအတွင်း ပြဿနာမျိုးစုံဖြစ်ပေါ်နေမည်ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်အောင်ဆောင်ရွက်နိုင်သည့် အစိုးရများသည် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိကြ သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမြဲမပြတ်ကြိုးစားအားထုတ်နေရန်လိုကြောင်း။
- အစိုးရအနေဖြင့် နိုင်ငံသားများအားလုံး ပညာတတ်မြောက်ရေးအတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း။
- မိမိတို့၏ ရည်ရွယ်ချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ နိုင်ငံသားအားလုံး မိမိတို့ဒေသတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်လုပ်ကိုင်နိုင်ပြီး တရားဥပဒေများ စိုးမိုးမှုရှိရမည်၊ ငြိမ်းချမ်းရမည်၊ လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ရမည်၊ ကျောင်းနေအရွယ်အားလုံး ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း။
- နိုင်ငံသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးမြို့ရှိ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များအားလုံးသည် မိမိတို့ဘာသာဝင်အသီးသီးအား ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေးမြို့ရှိ ဘာသာရေးအသင်းအဖွဲ့များအတွက် မေတ္တာလက်ဆောင်ပစ္စည်းများနှင့် အသင်းရန်ပုံငွေအဖြစ် တစ်သင်းလျှင်ကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးအပ်ရာဘာသာရေး ခေါင်းဆောင်အသီးသီးက လက်ခံရယူခဲ့ကြပါသည်။
- မန္တလေးမြို့သည် သမိုင်းအစဉ်အလာကြီးသည့် မြို့တစ်မြို့ဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ ပေါ်ထွန်းရာနေရာတစ်ခု ဖြစ်သကဲ့သို့ အခြားဘာသာများနှင့်ပတ်သက်၍လည်း အရေးပါသည့်မြို့တစ်မြို့ဖြစ်။
- မိမိအနေဖြင့် မန္တလေးမြို့အား တိုးတက်စေလိုသည့်စိတ်ဆန္ဒရှိ၊ ပါတီစုံဒီမိုကရေစီ အစိုးရသက်တမ်းများအတွင်း မန္တလေးမြို့သည် သိသိသာသာတိုးတက်လာသည်ကို တွေ့ရှိရပြီး အဆိုပါတိုးတက်မှုများကို ယခုထက်ပိုမိုအသုံးချနိုင်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးတွင် အချက်အခြာကျသည့် ဒေသတစ်ခု၊ မြို့တစ်ခုဖြစ်လာမည်ဖြစ်။
- စီးပွားရေးနှင့်ပတ်သက်၍ မန္တလေးမြို့သည် ဗဟိုချက်မဖြစ်ပြီး နိုင်ငံအဝန်းသို့ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်။
- နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံကိုယ်ကြီးပွားတိုးတက်အောင် ဆောင်ရွက်နေကြ၊ မိမိတို့ နိုင်ငံတိုးတက်အောင် မဆောင်ရွက်နိုင်သည့် အစိုးရများဆိုပါက နိုင်ငံအတွင်း ပြဿနာမျိုးစုံ ဖြစ်ပေါ်နေမည်ဖြစ်။
- မိမိတို့၏ ရည်ရွယ်ချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်။
Add new comment