နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၄ ရက်တွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပသည့် (၇၄)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြခန်းနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်ပွဲအခမ်းအနား အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အထိမ်းအမှတ်ပြခန်းများအား အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုခဲ့ပါသည်။
· ပြခန်းအတွင်းပြသထားသည့် လေကြောင်းသမိုင်းမှတ်တမ်း များ၊ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တပ်မတော်(လေ)ဝတ်စုံများနှင့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ကာကွယ် ရေးဦးစီးချုပ်(လေ) တာဝန်ထမ်းဆောင်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ မိုင်းယန်း၊ မဲသဝေါ၊ စီစီဝမ်တာပန်တိုက်ပွဲများတွင် တပ်မတော်(လေ)မှ ပါဝင်ဆောင်ရွက်ခဲ့သော မှတ်တမ်းဓာတ်ပုံများ၊
· တပ်မတော်(လေ)မှ စွမ်းရည်ဘွဲ့တံဆိပ်ရရှိခဲ့သူများ၏ မှတ် တမ်းဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်တော် ဝင်အခမ်းအနားမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)အရာရှိ၊ စစ်သည်၊ အစားခန့်များအား လေ့ကျင့်ပျိုးထောင် မှုမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)၏ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တပ်မတော်(လေ)၏ တိုးတက်ပြောင်း လဲလာမှုမှတ်တမ်းဓာတ်ပုံများ၊
· ကာကွယ်ရေးဦးစီးချုပ်(လေ)အဆက်ဆက်က ဆုရလေသူရဲများအား ဆုချီးမြှင့်ပေးအပ်သည့် မှတ်တမ်းဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များတွင် အသုံးပြုလျက်ရှိသည့် Avionic ပစ္စည်းများ၊ ခေတ်မီမျိုးဆက်သစ်တိုက်ခိုက် ရေးလေယာဉ်ပုံစံငယ်များနှင့် လေသူရဲအသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(လေ)မှ ထုတ်လုပ်ထားသည့် ပုံစံတူသုတေသနပြုလေကြောင်းလမ်းညွှန်စက် VNR-AF 1 ၊ စစ်မှုထမ်းလုံခြုံရေးနှင့် ရောဂါပိုးကာကွယ်ရေးစနစ်နှင့် စက် ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများနှင့်အတူ လေတပ်စခန်းဌာနချုပ်များအလိုက် အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် မြန်မာ့ရိုးရာစားသောက်ဖွယ်ရာအရောင်းဆိုင်၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဆက်လက်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။