နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် ကြီး H.E Mr. Vinay Kumar အား စက်တင်ဘာလ ၄ ရက်တွင် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အကြား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ ပညာရေးနှင့် သတင်း အချက်အလက် နည်းပညာကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ကို ပိုမိုနီးကပ်စွာဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် နှစ်ဖက်ဆက်လက် ပူးပေါင်းဆောင် ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကောင်စစ်ဆိုင်ရာကိစ္စရပ်များတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့်ကုလသမဂ္ဂအပါအဝင် ဒေသဆိုင်ရာနှင့် နိုင်ငံ တကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ် အားလိုင်းစီမံကိန်းဆိုင်ရာကိစ္စနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တွေ့ဆုံစဉ် Naypyitaw State Acade- my ၌ ဘာသာရပ်ခြောက်ခုတွင် ပါရဂူတန်းများ ဖွင့်လှစ်မည်ဖြစ်သောကြောင့် အိန္ဒိယတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ငါးခု နှင့် အိန္ဒိယနိုင်ငံရှိ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရေး၊ ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေး၊ Open University ကို အွန်လိုင်း ဖြင့် ပို့ချပေးနိုင်မည့်အခြေအနေ၊ အိန္ဒိယပညာရေးဌာနများမှ အဆင့်မြင့်အရာရှိများ နှင့် မြန်မာဘက်မှ ညွှန်ကြားရေးမှူးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် ချိတ်ဆက်ဆွေး နွေးရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၉-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုး မြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားရေး၊ ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေးတို့နှင့်ပတ်သက် ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
Add new comment