၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ဩဂုတ်လအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ မက် ထရစ်တန်ချိန် ၅၅,၉၇၀ တန်၊ နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် ၄,၀၀၁ တန်၊ စုစုပေါင်း မက်ထရစ်တန်ချိန် ၅၉,၉၇၁ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈ သန်းခန့် ရရှိခဲ့။

  • ကော့သောင်းကုန်သွယ်ရေးစခန်း၌ ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၃ ရက် အထိ ပို့ကုန်တန်ချိန် ၂,၄၅၆ တန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၄၇ သန်း၊ သွင်းကုန်တန်ချိန် ၂၀၁ တန်၊ ၄,၉၄၀ စည် (BBL)မှ အမေရိကန်ဒေါ်လာ ၀.၇၀၈ သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅၅ သန်းဖြစ်။

          ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ စက်တင်ဘာလအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘော ၅၃ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် အတွင်း နိုင်ငံတကာကုန်တင်သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလ တွင် ၅၂ စင်း၊ ဖေဖော်ဝါရီလတွင် ၅၁ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် အစင်း ၅၀၊ မေလတွင် ၅၆ စင်း၊ ဇွန်လတွင် ၅၇ စင်း၊ ဇူလိုင်လတွင် ၅၃ စင်း၊ သြဂုတ်လတွင် ၅၄ စင်း  ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၉-၂၀၂၃)

 

  • ဩဂုတ်လအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအနေဖြင့် စုစုပေါင်း မက်ထရစ်တန်ချိန် ၅၉,၉၇၁ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈ သန်းခန့် ရရှိခဲ့။

  • ကော့သောင်းကုန်သွယ်ရေးစခန်း၌ ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၃ ရက် အထိ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅၅ သန်းဖြစ်။

  • ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ စက်တင်ဘာလအတွင်း နိုင်ငံတကာ ကုန် တင်သင်္ဘော ၅၃ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုမည်ဖြစ်။

 

Add new comment