ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ကို လက်ခံတွေ့ဆုံ

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ဦးဆောင်သောအဖွဲ့ကို စက်တင်ဘာလ ၄ ရက်တွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ်-

  • ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာ ညှိနှိုင်းရေးမှူး Under Secretary General Mr. Martin Griffiths ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှု၊
  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA တို့အကြား သဘောတူညီမှု စာလွှာ (LoA) သက်တမ်းတိုးရေးကိစ္စ၊ ပြည်ဝင်ဗီဇာဆိုင်ရာကိစ္စ၊ ပြည်တွင်းခရီးသွား လာခွင့်ကိစ္စ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ရေးဆိုင်ရာကိစ္စ တို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

          တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် UNOCHA ၏ အကြီးအကဲနှင့် တွေ့ ဆုံစဉ် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ် ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ညှိနှိုင်းဆောင်ရွက် ပေးခဲ့မှုနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

Add new comment