လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာလ ၄ ရက်တွင် အဆိုပါဝန်ကြီးအသီးသီး၏ဧည့်ခန်းမဆောင်များ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာ - ထိုင်းနှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စနှင့် နှစ် နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ် သက်၍ ဆွေးနွေးခဲ့။
- စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ပို့ဆောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာပူးပေါင်း ဖလှယ်ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၉-၂၀၂၃)
- တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ - ထိုင်းနှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စနှင့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဆိုင်ရာကိစ္စရပ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ပို့ဆောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဖလှယ် ဆောင်ရွက် ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment