ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ် ပြည်နယ် ချန်ဒူးမြို့တွင် စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံ (The Fifth China Quality Conference) သို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည်-
- ဩဂုတ်လ ၃၁ ရက်တွင် စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Xiaohui နှင့်အဖွဲ့အား တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးကူညီရေးစသည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုလည်းကောင်း၊
- စီချွမ်ပြည်နယ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (Sichuan Energy Investment Group Co., Ltd.) အား တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နှင့် စွမ်းအင်ဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကိုလည်းကောင်း ဆွေး နွေးခဲ့။
- စက်တင်ဘာလ ၁ ရက်တွင် Chengdu Century City New International Convention Center ၌ ပြုလုပ်သည့် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည် အသွေးပိုင်းဆိုင်ရာညီလာခံ (The Fifth China Quality Conference) သို့ တက် ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့။
- စီချွမ်ပြည်နယ် လဲ့ရှန်းမြို့ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် လဲ့ရှန်းဘုရား ကြီးအား လေ့လာဖူးမြော်ခဲ့ပြီး လဲ့ရှန်းမြို့ပါတီအတွင်းရေးမှူး မစ္စတာမာဘို တည် ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်၍ လဲ့ရှန်းမြို့အစိုးရမှ အဆိုပြုထား သည့် လဲ့ရှန်းမြို့နှင့် မြန်မာနိုင်ငံ ပုဂံမြို့တို့အကြား ချစ်ကြည်ရေးညီအစ်မမြို့ သတ် မှတ်ရေးကိစ္စအပါအဝင် စိုက်ပျိုးရေး၊ နည်းပညာဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့။
- စက်တင်ဘာလ ၂ ရက်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အော့မေတောင်ရှိ ဟွာကျန့် ဘုရားကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး ကောချောင်လီကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း (Gao-qiao-li Rural Revitalization Project) သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့။
အဆိုပါ ညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Zhang Guoqing၊ တရုတ်နိုင်ငံ၏ ဈေးကွက်ထိန်းချုပ်စောင့်ကြည့်ရေး စီမံအုပ်ချုပ်ရေးဌာန ဝန်ကြီး Mr. Luo Wen ၊ စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူး Mr. Wang Xiaohui ၊ စီချွမ်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Huang Qiang ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နိုင်ငံ တကာစံနှုန်းသတ်မှတ်ရေးအဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ဖိတ်ကြား ထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၉-၂၀၂၃)
- ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့တွင် ကျင်းပ ခဲ့သည့် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့။
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် စီချွမ်ပြည်နယ် ပါတီအတွင်းရေး မှူးနှင့် စီချွမ်ပြည်နယ် စွမ်းအင်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုအဖွဲ့တို့အား တွေ့ဆုံ၍ နှစ် နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးနှင့် စွမ်းအင်ဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေး နွေးခဲ့။
- လဲ့ရှန်းမြို့ပါတီအတွင်းရေးမှူး တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်၍ လဲ့ရှန်းမြို့အစိုးရမှ အဆိုပြုထားသည့် လဲ့ရှန်းမြို့နှင့် မြန်မာနိုင်ငံ ပုဂံမြို့တို့အကြား ချစ်ကြည်ရေးညီအစ်မမြို့ သတ်မှတ်ရေးကိစ္စအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment