မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks) ပြုလုပ်

      ဆဋ္ဌမအကြိမ်မြောက် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks) ကို စက်တင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့ ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ်ကျော်ကျော်ထူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ Commodore Mustaque Ahmed, (G), NPP, pcs, BN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်း ကင်းလှည့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်စစ်ရေယာဉ်များနှင့် အရာရှိ၊ စစ်သည်များ အပြန်အလှန် အလည်အပတ်ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက် အလက်ဖလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပင်လယ်ပြင်ညစ်ညမ်းမှုကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး စက်တင်ဘာလ ၂ ရက်တွင် ဆွေးနွေးချက် များအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၉-၂၀၂၃)

 

  • ဆဋ္ဌမအကြိမ်မြောက် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ ဆုံဆွေးနွေးပွဲတွင် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းကင်း လှည့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်စစ်ရေယာဉ်များနှင့် အရာရှိ၊ စစ်သည် များ အပြန်အလှန် အလည်အပတ်ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက် အလက်ဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပင်လယ်ပြင်ညစ်ညမ်းမှုကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment