ကယားပြည်နယ်အတွင်း နယ်မြေပြန်လည်တည်ငြိမ်အေးချမ်းလာသည့်အတွက် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိသည့်အပြင် တိုက်ပွဲရှောင်ပြည်သူများလည်း ပြန်လည်ဝင်ရောက်လျက်ရှိ

ကယားပြည်နယ်အတွင်း NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှစတင်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် KNPP အဖွဲ့အချို့တို့သည် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့ပေါ်အပါအဝင် အဆိုပါ ဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူများ တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် လွတ်ကင်းသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။

အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိလာသဖြင့် ဈေးများပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်းတည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြားဘာသာရေးကျောင်း များ၌လည်း ဘုရားဖူးဝတ်ပြုဆုတောင်းသူများ ပုံမှန်အတိုင်းသွားလာလှုပ်ရှားလျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူများအနက်မှ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ ၃၁၄ ဦးတို့သည် ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိလာသဖြင့် ဈေးများပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်းတည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြားဘာသာရေးကျောင်းများ၌လည်း ဘုရားဖူးဝတ်ပြုဆုတောင်းသူများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိ။
  • ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ တိုက်ပွဲရှောင်ပြည်သူ ၃၁၄ ဦးတို့သည် ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လာခဲ့

Add new comment