နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ် အဖွဲ့ စတင်တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် စက်တင်ဘာလ ၁ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျင်းသကျန်းမြို့၌ ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ်အဖွဲ့ (International Tourism Alliance of Silk Road Cities) စတင်တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်က-

  • ယခုဖွဲ့စည်းသည့် မဟာမိတ်အဖွဲ့သည် ကမ္ဘာ့စီးပွားရေးကို အထောက်အကူဖြစ် စေရန် အလားအလာကောင်းများ ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
  • ယခု မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများနှင့် မြို့တော်များအနေဖြင့်လည်း မြန်မာ နိုင်ငံနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပြင် အခြားသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဖိတ်ခေါ်လိုကြောင်း။
  • မြန်မာနိုင်ငံတွင် ခရီးသွားများအတွက် ထင်ရှားကျော်ကြားသော ခရီးစဉ်လမ်း ကြောင်းများဖြစ်သည့် ပုဂံယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသ၊ အင်းလေးကန်၊ နေပြည်တော် ကျောက်မျက်ခန်းမနှင့် ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယ စကျင်ဗုဒ္ဓရုပ်ပွားတော် စသည့် ခရီးစဉ်များကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ် လိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံမှ မြို့တော် ၂၂ မြို့နှင့် နေပြည်တော် မြို့တော်အပါအဝင် အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိက ဒေသများရှိ နိုင်ငံ ၂၅ နိုင်ငံမှ မြို့တော် ၃၆ မြို့ စုစုပေါင်းအဖွဲ့ဝင်မြို့တော် ၅၈ မြို့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၉-၂၀၂၃)

 

  • နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျင်းသကျန်းမြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့ တော်များ ခရီးသွားလာရေးမဟာမိတ်အဖွဲ့ (International Tourism Alliance of Silk Road Cities) စတင်တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့။
  • မြန်မာနိုင်ငံတွင် ခရီးသွားများအတွက် ထင်ရှားကျော်ကြားသော ခရီးစဉ်လမ်း ကြောင်းများဖြစ်သည့် ပုဂံယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသ၊ အင်းလေးကန်၊ နေပြည်တော် ကျောက်မျက်ခန်းမနှင့် ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယ စကျင်ဗုဒ္ဓရုပ်ပွားတော် စသည့် ခရီးစဉ်များကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ် လို။

 

Add new comment