ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံ အခြေစိုက်သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ မိုခါပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဘင်္ဂါလီ ပြန်လည်လက်ခံရေးစခန်းများအား လှည့်လည်ကြည့်ရှု

          ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ  ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံး များမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် စက်တင်ဘာလ ၁ ရက်တွင် နေပြည် တော်မှ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏  အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများသည် ခရီးစဉ်တွင်လိုက်ပါလာသည့် သံတမန်အဖွဲ့နှင့်  ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာ၌  တွေ့ဆုံဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က-

  • ယခုသံတမန်ခရီးစဉ်သည် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန် လည်လက်ခံရန် မြန်မာအစိုးရ၏လက်တွေ့ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ မှန်များကို မျက်မြင်တွေ့ရှိ လေ့လာနိုင်ရန်အတွက် စီစဉ်ခြင်းဖြစ်ကြောင်း။
  • ဆိုင်ကလုန်းမုန်တိုင်းမိုခါ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာ၌ မည်သူ တစ်ဦးတစ်ယောက်မျှ ချန်လှပ်မှုမရှိစေရေးနှင့် မူလအခြေအနေထက် သာလွန် ကောင်းမွန်သည့်အခြေအနေ ဆောင်ရွက်ပေးရေးမူဝါဒတို့ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတွင်လည်း စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံ နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို အလေးထားရှင်းလင်း ပြောကြားခဲ့။

ခရီးစဉ်တွင် လိုက်ပါလာကြသည့် သံတမန်များက ပြန်လည်ဆွေးနွေးရာတွင် မိုခါ မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများကို သိရှိရသည့်အပြင် ရခိုင်ပြည် နယ်မှ  နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးအစီအမံများကို မြန်မာနိုင်ငံမှ နိုင်ငံရေးဆန္ဒရှိစွာဖြင့် ဆောင်ရွက်ပေးနေမှုများကိုလည်း ကြားသိရသည့် အတွက် များစွာဝမ်းမြောက်မိပါကြောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတုံ့ပြန်ဆောင် ရွက်မှုများနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြု ကြောင်း ပြောကြားခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည်-

  • စစ်တွေမြို့၊ မေယုလမ်းနှင့် ချင်းပျံလမ်းထောင့်ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ပြန်လည် ပြုပြင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့။
  • စစ်တွေမြို့၊ ဘက်စုံသုံး စီမံကိန်းဆိပ်ကမ်း၌ MERCURY FORCE  သင်္ဘောပေါ်မှ ကူညီထောက်ပံ့ရေးပစ္စည်းများအား ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပို့ဆောင်မည့် မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်နေမှုများကို ကြည့်ရှုလေ့လာခဲ့။
  • စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကိုကြည့်ရှုကြကာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေမြို့၊ ရှေးဟောင်း သမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်နှင့် သကျမုနိ ဘုရားသိမ်တော်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်မှုအား ကြည့်ရှုလေ့လာခဲ့။
  • စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိ တက် အရောင်းဆိုင်များ၏ ရောင်းချပေးနေမှုများကို သွားရောက်ကြည့်ရှုလေ့လာခဲ့။
  • စစ်တွေမြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းရှိ လူမှုသဟဇာတ နှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား)သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်း တွင် တက်ရောက်သင်ကြားလျက်ရှိသည့် ဒေသခံတိုင်းရင်းသူများနှင့်  IDP စခန်း များမှ အမျိုးသမီးများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့။
  • မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်တွေတက္ကသိုလ်၊ သဲချောင်းကျေးရွာနှင့် ဒါးပိုင်ကျေးရွာတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုလေ့လာကြပြီး သက္ကယ်ပြင်  IDP  စခန်း၌  စခန်းတွင်နေထိုင်သူများ၊ စခန်းတာဝန်ခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြား၍ သက္ကယ်ပြင် တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့။

စက်တင်ဘာလ ၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘင်္ဂါလီပြန်လည်လက်ခံရေးစခန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  • မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၌ စခန်းတာဝန်ခံ နှင့် တာဝန်ရှိသူများက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်လက်ခံရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းပြသရာ လိုအပ်သည်များ ဖြည့်စွက် မှာကြားပြီး စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။
  • ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားမည့် ကြိမ်ချောင်း(တောင်) ကျေးရွာရှိ အသင့်ဆောက်လုပ်ပြီးနေအိမ်များနှင့် မြေကွက် များကို သွားရောက်လေ့လာကြည့်ရှုစစ်ဆေးခဲ့။
  • လှဖိုးခေါင်ယာယီနေရာချထားရေးစခန်း၌ တာဝန်ရှိသူများက ပြန်လည်ဝင်ရောက် လာမည့်သူများအား ပြန်လည်နေရာချထားခြင်းမပြုမီ စခန်းတွင် ခေတ္တနေထိုင် နိုင်ရေးနှင့် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့များ ပံ့ပိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ဖြည့်စွက် မှာကြားပြီး စခန်းအတွင်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဘင်္ဂါလီ ပြန်လည်လက်ခံရေးစခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။

Add new comment