ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာ ညီလာခံသို့တက်ရောက်

       (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံ (The Fifth China Quality Conference) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူး မြို့တွင် စက်တင်ဘာလ ၁ ရက်မှ ၂ ရက်အထိ ကျင်းပလျက်ရှိရာ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်တွင် Chengdu Century City New International Convention Center ၌ ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားရာတွင်-

  • မြန်မာနိုင်ငံသည်လည်း ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ်စနစ်ကို အရှိန်မြှင့်တင်ခြင်း နှင့် အစိမ်းရောင်စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်းတို့ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းတွင် အခွန်အခများ လျှော့ချခြင်းပါဝင်သည့် သက်သာခွင့်ပေးမှုများကို ဆောင် ရွက်လျက်ရှိပါကြောင်း။
  • ကာလတိုမူဝါဒအနေဖြင့် ၂၀၂၅ ခုနှစ်အထိ ပြည်ပမှ လျှပ်စစ်ကားတင်သွင်းမှုကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
  • မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပိုမိုလေးနက်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်လာနိုင်ရန် မျှော်လင့်ပါကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ အရည်အသွေးဆိုင်ရာ အာမခံချက်နှင့် ကျွမ်း ကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့်အစီအစဉ်ကို လိုက်ပါဆောင်ရွက် လျက်ရှိပါကြောင်း။
  • ယခု နှစ်ရက်တာ ကျင်းပသည့်ညီလာခံတွင် ဆွေးနွေးမှုများမှ နိုင်ငံအချင်းချင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်လာနိုင်မည်ဖြစ်ပြီး မူလမျှော်မှန်းထားသည်ထက်ကျော်လွန်၍ နက်ရှိုင်းသည့်မိတ်ဖက် ပူးပေါင်းဆောင် ရွက်မှုကို ပိုမိုအားကောင်းလာစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Zhang Guoqing ၊ တရုတ်နိုင်ငံ၏ ဈေးကွက်ထိန်းချုပ်စောင့်ကြည့်ရေး စီမံအုပ်ချုပ်ရေးဌာန ဝန်ကြီး Mr. Luo Wen ၊ စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wan Xiaohhi ၊ စီချွမ် ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Huang Qiang၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နိုင်ငံတကာ စံနှုန်းသတ်မှတ်ရေးအဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူ များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် အဓိကဖိုရမ်၊ ခေါင်းစဉ် (၈) ခုဖြင့် ဖိုရမ်ငယ်များ၊ အမျိုးသားနည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် စီချွမ်စီးပွားရေးလုပ်ငန်းများအကြား အစည်းအဝေး (Match-making Meeting) များကို ဆက်လက်ကျင်းပ ပြုလုပ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၉-၂၀၂၃)

 

  • (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံ (The Fifth China Quality Conference) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူး မြို့တွင် စက်တင်ဘာလ ၁ ရက်မှ ၂ ရက်အထိ ကျင်းပလျက်ရှိ။
  • မြန်မာနိုင်ငံသည်လည်း ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ်စနစ်ကို အရှိန်မြှင့်တင်ခြင်း နှင့် အစိမ်းရောင်စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်းတို့ ဆောင်ရွက် လျက်ရှိ၊ ဥပမာအားဖြင့် လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းတွင် အခွန်အခများ လျှော့ချခြင်းပါဝင်သည့် သက်သာခွင့်ပေးမှုများကို ဆောင်ရွက် လျက်ရှိ။
  • မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပိုမိုလေးနက်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်လာနိုင်ရန် မျှော်လင့်။
  • မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ အရည်အသွေးဆိုင်ရာ အာမခံချက်နှင့် ကျွမ်း ကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့်အစီအစဉ်ကို လိုက်ပါဆောင်ရွက် လျက်ရှိ။

Add new comment