နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)ကို စက်တင်ဘာလ ၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား ခဲ့ပါသည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်-

  • မိမိတို့တာဝန်ယူဆောင်ရွက်နေချိန်အတွင်း နိုင်ငံတော်ကိုပုံမှန်လမ်းကြောင်းအတိုင်း ဖြစ်စေရန်နှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပြုလုပ်၍ ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲပြောင်းပေးနိုင်ရန်မှာ မိမိတို့၏အဓိကတာဝန်ပင် ဖြစ်ကြောင်း။
  • မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ကြောင်း။
  • ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့် သုံးသူများအားလုံး အသိပညာအတတ်ပညာများရှိရန်လိုကြောင်း။
  • တိုင်းရင်းသားဒေသများတွင် ဘာသာစကားအခက်အခဲများ၊ ပညာရေးအားပေးမှု နည်းပါးခြင်းနှင့် အခြားအခက်အခဲအမျိုမျိုးကြောင့် အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ပညာရေး အားနည်းသည်ကိုတွေ့ရသောကြောင့် မိမိတို့ အနေဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေးမြှင့်တင်မှုကို မလွဲမသွေ ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုသွားရာတွင် ပညာတတ်များဖြစ်ရန်လိုသည့်အပြင် ဥပဒေနှင့်ပတ်သက်သည့် အသိပညာများကိုလည်း နားလည်မှုရှိရန်လိုသောကြောင့် အဆင့်မြင့်ပညာသင်ကြားပေးသည့် တက္ကသိုလ်များတွင် ဥပဒေဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးနေခြင်းဖြစ်ကြောင်း။
  • စီးပွားရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံ သည့်ကုန်ထုတ်လုပ်မှုများကို စနစ်တကျဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်း ဆောင်ချိန်၌ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ နည်းပါးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများအတွက် အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်မည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • တိုင်းပြည်စီးပွားရေးကို မြှင့်တင်ရာတွင် လူသားအရင်းအမြစ်ကောင်းများ များစွာ မွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန်လိုကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရား  မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ပြီး ထိုကဲသို့ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံ အချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း၊ အခြေခံအချက်အလက်များ မှန်ကန်မှသာလျှင် မဲစာရင်းမှန်ကန်မှုရှိမည်ဖြစ် ကြောင်း။
  • ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျှင် လူဦး ရေစာရင်း ထွက်လာမည်ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းကောက်ယူမှု မပြုနိုင်သေးသည့် မြို့နယ် အချို့ရှိကြောင်း၊ မဲစာရင်းကောက်ယူသည့် တာဝန်ရှိသူများကို အနှောင့်အယှက် ပေးနေမှုများကြောင့် ကောက်ယူမှုမပြုနိုင်သေးခြင်းဖြစ်ကြောင်း။
  • မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ် ပြီး  မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်မှသာလျှင် မှန်ကန်သည့် မဲစာရင်းများ ရရှိမည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်ဖြင့် ပြုလုပ်နိုင်မည်ဖြစ် ကြောင်း။
  • ဒီမိုကရေစီနှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ပြီး အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဒီမိုကရေစီကို တောင်းဆိုသည်မှာ မဖြစ်သင့်သည့်ကိစ္စဖြစ် ကြောင်းပြောကြားခဲ့။

ကောင်စီဝင်များက ကယားပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်သည့်ကိစ္စရပ် များ၊ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကူညီပေးရေး၊ ရှမ်းပြည်နယ် (မြောက် ပိုင်း)အတွင်းရှိ အခြေခံပညာကျောင်းများတွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထား သည့် သင်ရိုးညွှန်းတမ်းများအတိုင်း အပြည့်အဝသင်ကြားပို့ချနိုင်ရန် စီစဉ်ဆောင်ရွက် ပေးရေး၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်သည့် ပံ့ပိုးမှုများနှင့် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးရေး၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် ကြုံတွေ့ရနိုင်သည့် မဲစာရင်းဆိုင်ရာ မှားယွင်းမှုများနှင့် မဲမသမာမှုများ မဖြစ်ပေါ်စေရေး ဥပဒေပြဋ္ဌာန်း၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဒေသ အလိုက် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည် သူလူထု၏ အင်အားကိုရယူ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ယင်းစုစည်းအားကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးရေးအတွက် လုပ်ဆောင်သင့်သည် များကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီဆောင်ရွက် ပေးလျက်ရှိသော်လည်း အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများတွင် ကဏ္ဍ အလိုက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်၍မရသည်ကို တွေ့ရကြောင်း၊ နောက်ကျကျန် ခဲ့ခြင်းအကျိုးဆက်ကို နယ်မြေခံလူထုကခံစားနေရကြောင်း၊ လူတစ်စု၏မိုက်မဲမှုကို ဒေသခံလူအများက ခံနေရကြောင်း။
  • ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုးကိုကြည့်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။
  • NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာလက်မှတ်ရေး ထိုးခဲ့ ကြကြောင်း။
  • ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း၊ အစိုးရဘက်မှ မိမိကိုယ်တိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးခဲ့ ကြောင်း။
  • ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့သည်ကိုတွေ့ရကြောင်း။
  • တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ် အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည် နေ့ကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပ သွားမည်ဖြစ်ကြောင်း။
  • လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းကောက်ယူခြင်းလုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း။
  • ဆန္ဒမဲပေးရာတွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရောနစ်မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ နှင့်ပတ်သက်၍ စနစ်တကျရှိစေရေးအတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • လယ်ယာကဏ္ဍတွင် လယ်ယာလုပ်သား ရှားပါးမှုအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတော်၏ အနာဂတ်ကောင်းမွန်စေရေးအတွက် မျှော်မှန်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို လုပ် ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၉-၂၀၂၃)

 

  • ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့် သုံးသူများအားလုံး အသိပညာအတတ်ပညာများရှိရန်လို။
  • တိုင်းပြည်စီးပွားရေးကို မြှင့်တင်ရာတွင် လူသားအရင်းအမြစ်ကောင်းများ များစွာ မွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန်လို။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရား  မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ပြီး ထိုကဲသို့ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး  ဆောင်ရွက်သွားရမည်ဖြစ်။
  • တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံ အချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်။
  • အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဒီမိုကရေစီကို တောင်းဆိုသည်မှာ မဖြစ်သင့် သည့်ကိစ္စဖြစ်။
  • နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီဆောင်ရွက် ပေးလျက်ရှိသော်လည်း အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများတွင် ကဏ္ဍ အလိုက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်၍မရသည်ကို တွေ့ရ၊ နောက်ကျကျန်ခဲ့ခြင်း အကျိုးဆက်ကို နယ်မြေခံလူထုကခံစားနေရ၊ လူတစ်စု၏မိုက်မဲမှုကို ဒေသခံလူ အများက ခံနေရ။
  • NCA စာချုပ်သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်း ဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်စာချုပ်ဖြစ်၊ အစိုးရဘက်မှ မိမိကိုယ်တိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါဝင် လက်မှတ်ရေးထိုးခဲ့။
  • တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ် အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမည်ဖြစ်၊ လာမည့် အောက်တို ဘာလ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်။
  • လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းကောက်ယူခြင်းလုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိ။

Add new comment