ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သြဂုတ်လ ၃၀ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပလျက်ရှိသည့် (၇) ကြိမ်မြောက် အာဆီယံ အားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ရှေ့ဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တားမြစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ 6th SOMS+Japan နှင့် 4th AMMS+Japan အစည်းအဝေးများ၌ အားကစားကဏ္ဍ အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် ကာယပညာ ဆရာ၊ ဆရာမများနှင့် နည်းပြများ၊ အမျိုးသမီးများ အားကစားတွင် ပါဝင်လာမှု တိုးတက်လာစေရေး၊ မသန်စွမ်းသူများအတွက် အားကစားမြှင့်တင်ရေး၊ တားမြစ်ဆေး ဝါးဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်တင်ဘာလ ၂ ရက် ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၉-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ထိုင်းနိုင်ငံ၌ ကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ခဲ့။
Add new comment