ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကျင်းပ

          နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည် တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်အထိကျင်းပခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူများက ငြိမ်းချမ်းရေး အတွက် လက်ရှိဆွေးနွေးဆောင်ရွက်နေမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေ များနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝဏ္ဏအောင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့တို့သည် နိုင်ငံတကာအသိသက်သေများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသဂ္ဂတို့မှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြသည့်အပြင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် သမိုင်းဝင်စာချုပ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂ ဖွဲ့ ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့သဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စုတည်ဆောက်မည်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင် အထည်ဖော်မည်ဆိုသည့်အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင် နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်တို့ကို သဘောတူညီခဲ့ကြကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) က UN အဖွဲ့အစည်းနှင့်ပေါင်းစပ်ပြီး အမှန်တကယ်လိုအပ်မည့်ဒေသများသို့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်၍ အကူအညီများရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ၌ ကရင် ပြည်နယ်တွင် သံတောင်ကြီးမြို့နယ်၊ လိပ်သို/ယာဒိုဒေသ၊ မြဝတီမြို့နယ်၊ လေးကေ့ ကော်ဒေသ၊ ရခိုင်ပြည်နယ်တွင် ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦး မြို့နယ်၊ ရှမ်းပြည်နယ်တွင် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင် ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်များရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူများထံသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း ယခုလို အကူအညီများကို လိုအပ်သည့်ဒေသများသို့ JMC က ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက NCA စာချုပ်သည် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအတွက် အနှစ်သာရရှိသည့် စာချုပ်ဖြစ်ကြောင်း၊ NCA စာချုပ်သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တရားဝင်လက်မှတ် ရေးထိုးချုပ်ဆိုခဲ့သည့် စာချုပ်လည်းဖြစ်ကြောင်း၊ အဆိုပါစာချုပ်တွင် အစိုးရကိုယ်စားလှယ် အဖြစ် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်တွင်းနှင့်နိုင်ငံတကာအသိ သက်သေများလည်း ပါဝင်ခဲ့ကြကြောင်း၊ အဆိုပါစာချုပ်ကိုအခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ NCA သည် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးထားသည့် သဘောတူစာချုပ်ဖြစ်သဖြင့် တရားဝင်စာချုပ် ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်း၊ ထို့ကြောင့် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုအနေဖြင့် NCA အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် နိုင်ငံတော်တည်ဆောက်နိုင်သည်အထိ ငြိမ်းချမ်းရေးကိုဆွေးနွေး သွားကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျ ပါဝင်နိုင်ရေးကိုလည်း ဆွေးနွေးနေကြောင်း၊ NCA စာချုပ် ချုပ်ဆိုခဲ့သည်မှာ အောက်တိုဘာလ ၁၅ ရက်တွင် ၈ နှစ်ပြည့်မည်ဖြစ်သဖြင့် အဆိုပါ NCA စာချုပ်ချုပ်ဆိုခဲ့သည့် ၈ နှစ်ပြည့်အခမ်းအနားကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ ကျင်းပလိုသည့် အစီအစဉ်များကိုလည်း ဆွေးနွေးလျက်ရှိကြောင်း ပြောကြားသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၉-၂၀၂၃)

 

  • နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်အထိကျင်းပခဲ့။
  • ပြောရေးဆိုခွင့်ရှိသူများက ငြိမ်းချမ်းရေးအတွက် လက်ရှိဆွေးနွေးဆောင်ရွက်နေမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့။
  • NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မ တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖွဲ့တို့က နိုင်ငံတကာအသိ သက်သေများနှင့် ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြသည့်အပြင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် သမိုင်းဝင်စာချုပ်တစ်ခုဖြစ်။
  • ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖွဲ့ ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ဖွဲ့နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့။
  • ဆွေးနွေးပွဲများတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စုတည်ဆောက်မည်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင် အထည်ဖော်မည်ဆိုသည့်အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင် နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်တို့ကို သဘောတူညီခဲ့။
  • NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျ ပါဝင်နိုင်ရေးကိုလည်း ဆွေးနွေးလျက်ရှိ

 

Add new comment