နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ သီးခြားစီတွေ့ဆုံ ဆွေးနွေးပြီး တတိယနေ့တွေ့ဆုံဆွေးနွေးပွဲဆက်လက်ကျင်းပ

          နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ကွပ်ကဲရေးမှူးအဆင့်ရှိ စောဘညိမ်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့တို့နှင့် ဩဂုတ်လ ၃၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တစ်ဖွဲ့ချင်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် တစ်ဖွဲ့ချင်းစီ၏ တင်ပြချက်များ၊ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO) ၏ ကိုယ်စားလှယ်အဖွဲ့တို့သည် တတိယနေ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲတွင်  သုံးရက်တာဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုယ်စား ALP မှ ဥက္ကဋ္ဌနှင့် ငြိမ်း‌ချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၉-၂၀၂၃)

 

  • နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ () ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ သီးခြားစီတွေ့ ဆုံခဲ့ပြီး တတိယနေ့ငြိမ်းချမ်းရေးဆက်လက်ကျင်းပပြုလုပ်ခဲ့။
  • ဆွေးနွေးပွဲတွင် သုံးရက်တာဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘော တူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့။

 

Add new comment