နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် ရင်းရင်းနှီးနှီ

         ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုး ကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်တွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်များနှင့်အညီ ဘုရားဖူးလာပြည်သူများ အေးငြိမ်းချမ်းသာစွာဖြင့် ဘုရားဖူးနိုင် ရေး စီမံဆောင်ရွက်ထားရှိမှု၊
  • ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ကျောင်းအစီအစဉ်ဖြင့်လာရောက်သည့် ကျောင်း သား၊ ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်နှင့် ဝန်ထမ်းများအား ဝန်ထမ်းကတ် ဖြင့် ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံရန် လျာထားဆောင်ရွက်ထားရှိမှု၊
  • မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဝင်းအတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲရန် ဆောင်ရွက်သွားမည့်အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

တက်ရောက်လာကြသူများက ဘုရားကြီး၌ ဝန်ထမ်းများတာဝန်ပေးအပ်ဆောင် ရွက်လျက်ရှိသည့်အခြေအနေများ၊ ဂေါပကအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ရဟန္တာ ကျောင်းဆောင်တော် နှစ်ဆောင်တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက်အပြင်ဘက်တွင် အင်္ဂတေစိန်တောင် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ အာရုံခံတန်ဆောင်း နှစ်ဆောင် တည်ဆောက်နေမှု၊ လက်ဆေးဘေစင်များ တပ်ဆင်ပြီးစီးမှု၊ ဂန္ဓကုဋိတိုက် အဝင်လမ်း ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်းနှင့် U-Turn တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ဘုရားကြီးတည်ဆောက်မှု မှတ်တမ်း စာအုပ် ပြုစုဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ဘုရားကြီးသို့ဝင်ရောက်ဖူးမြော်ခြင်းနှင့်ပတ်သက်၍ ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလအဖြစ် အမြဲတမ်းစည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခြင်း မပြုဘဲ ယာယီစည်းကမ်းသတ်မှတ်ချက်များဖြင့်သာ ဆောင်ရွက်သွားရန်လိုကြောင်း။
  • ဘုရားကြီးဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ဘုရားဖူးလာပြည်သူများ အသက်သာ ဆုံးဖြစ်စေရေးနှင့် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန်နှင့် ဘုရား ကြီးဝင်းအတွင်း ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်း နှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံ သွားရန်လိုကြောင်း။
  • ယခုဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ် ကြီးဖြစ်သဖြင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် လူအင်အားလို အပ်ချက်၊ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များ၊ စီမံခန့်ခွဲမှုလိုအပ်ချက်များကို ရေရှည်အတွက် ယခုသုံးလတာကာလ တွေ့ကြုံရမှုများအပေါ်တွက်ချက်၍ စီမံ ခန့်ခွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

          အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ကြီး တွင်လည်းကောင်း၊ ကျောက်စာရုံတော်များအတွင်းတွင်လည်းကောင်း လှည့်လည်ဖူး မြော်ကြည်ညိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၉-၂၀၂၃)

 

  • ဘုရားကြီးသို့ဝင်ရောက်ဖူးမြော်ခြင်းနှင့်ပတ်သက်၍ ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလအဖြစ် အမြဲတမ်းစည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမပြုဘဲ ယာယီစည်းကမ်းသတ်မှတ်ချက်များဖြင့်သာ ဆောင်ရွက်သွားရန်လို။
  • ဘုရားကြီးဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ဘုရားဖူးလာပြည်သူများ အသက်သာဆုံး ဖြစ်စေရေးနှင့် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန်နှင့် ဘုရားကြီး ဝင်းအတွင်း ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံ သွားရန်လို။

Add new comment