တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

       တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင် မီဒီယာများဖြစ်သော RFA Burmese နှင့် Khit Thit တို့မှ တင်ထားသော တပ်မတော်က ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်တစ်ရာကျော်ကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးထားဟူသည့်သတင်းနှင့် နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် ပြည်သူများစစ်မှုထမ်းကြရန် စည်းရုံးစစ်ဆေးမှုများ လုပ်ဆောင်နေဟူသည့် သတင်းများသည် လုပ်ကြံသတင်းအမှားများသာဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါကိစ္စရပ်မျိုးဆောင်ရွက်ခဲ့ခြင်းလုံးဝမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Than Lwin Times မှ တင်ထားသော မော်လမြိုင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုများ လုပ်ဆောင်နေဟူသည့်သတင်းသည် မဟုတ်မမှန်သတင်းအမှားဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူများ အေးချမ်းစွာနေထိုင် နိုင်ရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များဖြင့် အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ စစ်သားစုဆောင်းခြင်းများမရှိကြောင်း သိရှိရ။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် ပြည်သူများအား ဖမ်းဆီးနေဟူသည့် ကောလာဟလသတင်းများကို ဖြန့်ဝေလျက်ရှိပါသည်။ အဆိုပါသတင်းများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များ ဝင်ရောက် လာစေရေးနှင့် တပ်မတော်အပေါ် ပြည်သူများ အမုန်းပွားစေရေးတို့ ဖြစ်ပေါ်လာစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၃-၂၀၂၄)

 

  • တပ်မတော်က ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်တစ်ရာကျော်ကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးထားဟူသည့်သတင်းနှင့် နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် ပြည်သူများ စစ်မှုထမ်းကြရန် စည်းရုံးစစ်ဆေးမှုများ လုပ်ဆောင်နေဟူသည့်သတင်းများသည် လုပ်ကြံသတင်းအမှားများသာဖြစ်။
  • မော်လမြိုင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုများ လုပ်ဆောင်နေဟူသည့်သတင်းသည် မဟုတ်မမှန်သတင်းအမှားဖြစ်။

Add new comment