နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၃) သို့ တက်ရောက်အမှာစကား ပြောကြားရာတွင်-

  • နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွား ဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေး၊ ပညာရေးကောင်းမွန်ရန်နှင့် အလုပ်အကိုင်များရရှိပြီး လူတိုင်းဝင်ငွေရရှိအောင်၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်အောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။
  • တစ်ဦးချင်း၏ လူမှုစီးပွားဘဝများတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ် လာမည်ဖြစ်သောကြောင့် လူတစ်ဦးချင်း၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦးတည် ချက်ထား ဆောင်ရွက်ရန်လိုကြောင်း။
  • ဆင်းရဲမွဲတေမှုများ လျှော့ချရေးကို ဒီမိုကရေစီအစိုးရ ပထမသက်တမ်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းရဲမွဲတေမှုလျှော့ချ၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံအားဖြင့် ပညာရည်မြင့်မားနေရန်လိုကြောင်း။
  • စီးပွားရေးကိုဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတစ်ဝန်းလုံး၌ စိုက်ပျိုးမွေးမြူရေး လုပ် ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် နိုင်ငံအတွက် လက်တွေ့ကျသည့် စိုက်ပျိုး မွေးမြူရေးကိုအခြေခံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုပြီး ၎င်းမှ တစ်ဆင့် နည်းပညာနှင့် စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။
  • ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို မဖြစ်မ နေဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • MSME လုပ်ငန်းများသည် မိမိတို့နိုင်ငံစီးပွားရေးလုပ်ငန်းများတွင် အခြေခံအကျဆုံး လုပ်ငန်းများဖြစ်သဖြင့် ကုန်ကြမ်းသေချာသည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော MSME လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ပြည်နယ်အစွန်အဖျားပါမကျန် နိုင်ငံတစ်ဝန်းအကြားအလပ်မရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများရှိပြီး ပန်းတိုင်ရည်မှန်းချက်များရှိပြီးဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများအလိုက် ရည်မှန်း ချက်များအတိုင်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ရည်မှန်းချက်များအတိုင်း အပြည့် အဝဆောင်ရွက်နိုင်ရေး သက်ဆိုင်ဝန်ကြီးဌာနများအလိုက် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း။
  • စက်ရုံများရှိ လက်ရှိစက်စွမ်းအားများအပေါ်မူတည်၍ ထုတ်လုပ်မှုများကို ဆောင် ရွက်သွားရန်လိုကြောင်း၊ ပုဂ္ဂလိကကုန်ထုတ်လုပ်မှုများကိုလည်း စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လိုပြီး လိုအပ်သည်များကို ကူညီဖြည့် ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း။
  • စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်းပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းများ တိုးတက်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်ပြီး ပြည် တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း။
  • လုပ်ငန်းများဆောင်ရွက်ရာတွင် မှားယွင်းမှုများ အနည်းဆုံးဖြစ်စေရေး တိတိကျကျ ဖြင့် ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ မှန်ကန်မှုရှိစေရေးကိုလည်း စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ စာရင်းဇယားများ မှန်ကန်မှုရှိမှသာ လုပ်ငန်းများကို ထိ ရောက်အောင်မြင်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • မိုးတွင်းကာလအတွင်း လမ်းများပျက်စီးမှုများရှိခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေး ကြိုတင်ပြင်ဆင်ရန်လိုကြောင်း၊ မည်သည့် လမ်းအမျိုးအစားဖြစ်စေ ပွင့်လင်းကာလအတွင်း ခရီးသွားပြည်သူများ ချောချော မွေ့မွေ့ သွားလာနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • စီးပွားရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုသာမက ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းတွင် ခရီးသွားလုပ်ငန်းလည်းပါဝင်ကြောင်း။
  • မီဒီယာကဏ္ဍမှလည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လူမှုကွန်ရက်များမှတစ် ဆင့် ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုများရှိစေရေး ဆောင်ရွက်ရန်လို ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်သွားရန်လိုကြောင်း။
  • တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိသည် ဖြစ်သည့်အတွက် အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ် စေရေး မိမိတို့အနေဖြင့် ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • လုပ်ငန်းများအောင်မြင်စေရေး ဆောင်ရွက်ရာတွင် လူမှန်နေရာမှန် တာဝန်ပေးအပ် နိုင်ရန်နှင့် ပညာတတ်လူသားအရင်းအမြစ်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေး နေရန်လိုကြောင်း။
  • INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင် နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း။
  • အချို့သော ပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့် မျှဝေဆောင် ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိကြောင်း။
  • နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံး ညီ ညွတ်မှုကို ထိခိုက်စေမည့်လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှု များ မရှိစေရေးအတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့် နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့ပါသည်။

              အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီး ချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၈-၂၀၂၃)

 

  • နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွား ဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေး၊ ပညာရေးကောင်းမွန်ရန်နှင့် အလုပ်အကိုင်များရရှိပြီး လူတိုင်းဝင်ငွေရရှိအောင်၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်အောင် ဆောင်ရွက်ပေးရန်လိုအပ်။
  • ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို မဖြစ်မ နေဆောင်ရွက်ရမည်ဖြစ်။
  • စက်ရုံများရှိ လက်ရှိစက်စွမ်းအားများအပေါ်မူတည်၍ ထုတ်လုပ်မှုများကို ဆောင် ရွက်သွားရန်လို၊ ပုဂ္ဂလိကကုန်ထုတ်လုပ်မှုများကိုလည်း စွမ်းအားပြည့် ထုတ်လုပ် နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လိုပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လို။
  • စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်းပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းများ တိုးတက်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်။
  • မိုးတွင်းကာလအတွင်း လမ်းများပျက်စီးမှုများရှိခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေး ကြိုတင်ပြင်ဆင်ရန်လို၊ မည်သည့်လမ်း အမျိုးအစားဖြစ်စေ ပွင့်လင်းကာလအတွင်း ခရီးသွားပြည်သူများ ချောချောမွေ့မွေ့ သွားလာနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်။
  • တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိသည် ဖြစ်သည့်အတွက် အလေးထား ဆောင်ရွက်သွားရမည်ဖြစ်၊ မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်။
  • INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင် နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်နေရန်လို။
  • အချို့သော ပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့် မျှဝေဆောင် ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိ။
  • နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံး ညီ ညွတ်မှုကို ထိခိုက်စေမည့်လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှု များ မရှိစေရေးအတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့် နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားရန်လို။

 

Add new comment