နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကန်ကြီးထောင့်မြို့၌ ကျင်းပသည့် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား တက်ရောက်

        (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို မတ်လ ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တောင်သူလယ်သမားနေ့အခမ်းအနားမုခ်ဦး ဆိုင်းဘုတ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့ သော သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တောင်သူလယ်သမားနေ့ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး သီးနှံစိုက်ထူးချွန်ဆုရ တောင်သူများအား အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကာ (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၃-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများ ကန်ကြီးထောင့်မြို့၌ ကျင်းပသည့် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားတက်ရောက်ခဲ့ပြီး သီးနှံစိုက်ထူးချွန်ဆုရ တောင်သူများအား အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကာ (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့။

Add new comment