တကောင်းမြို့၌ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်

       PDF အမည်ခံ အကြမ်းဖက်သမားများသည်  မတ်လ ၁ ရက်တွင်  မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ရွှေဇာလီဘုန်းကြီးကျောင်း၏ အရှေ့ဘက် အမြင့်မီတာ ၈၀၀ ခန့်အကွာမှ Drone ယာဉ်များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း၏ အရှေ့ဘက်ရှိ ဦးအောင်ဇော်ဦး၏နေအိမ်ပေါ်သို့  ဗုံးသီးများ ကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ပြီး သွပ်မိုး/ထရံကာ နေအိမ် ၂၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

ယခင်ကလည်း PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ ကျေးရွာများနှင့် လူနေအဆောက်အဦများအား လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ ဗုံးကျဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအချို့နှင့် ကလေးငယ်များ သေဆုံးခဲ့သည့် ဖြစ်စဉ်များစွာရှိခဲ့ပြီး ၎င်းတို့၏လုပ်ရပ်များအား ပြည်သူများမှ အပြင်းအထန်ကန့်ကွက်ခဲ့ပါသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၃-၂၀၂၄)

 

  • တကောင်းမြို့၌ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ၏ သွပ်မိုး/ထရံကာနေအိမ် ၂၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့။

Add new comment

Switch to plain text editor