ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်တွင် တောင်သူလယ်သမားနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ၎င်းသဝဏ်လွှာကောက်နုတ်ချက်များမှာ-

  • တောင်သူလယ်သမားကြီးများအနေဖြင့် အဓိကသီးနှံများဖြစ်သော စပါး၊ ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ပဲမျိုးစုံ၊ ပြောင်း စသည့်သီးနှံများကို သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးသွားကြရန်လိုကြောင်း။
  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ယနေ့ထိ စပါးဧက (၁၇) သန်း၊ ပဲမျိုးစုံဧက (၁၀.၅၇) သန်း၊ ဆီထွက်သီးနှံဧက (၈.၂၄) သန်း၊ အစေ့ထုတ်ပြောင်းဧက (၁.၆) သန်းနှင့် ဝါသီးနှံဧက (ဝ.၅၂) သန်း စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်၍ သက်ဆိုင်ရာဌာနများနှင့် တောင်သူလယ်သမားကြီးများအား ကျေးဇူးတင်ကြောင်း။
  • စားသုံးဆီကို လိုသလောက်သာသုံးစွဲခြင်းဖြင့် ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းဆီထွက်သီးနှံများမှ ထုတ်လုပ်သော  စားသုံးဆီဖြင့် လုံလောက်စေရန်ဆောင်ရွက်ခြင်းဖြင့်  နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချစေနိုင်မည်ဖြစ်သောကြောင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးကို ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း။
  • ဝါတစ်ဧကအထွက်နှုန်း ပိဿာ (၇၀၀) ထွက်ရှိရေးနှင့် အရည်အသွေးကောင်း ဝါနှင့် ဝါဂွမ်းများရရှိရေးတို့ကို အဓိကရည်မှန်းဆောင်ရွက်လျက်ရှိရာ  တောင်သူလယ်သမားကြီးများကလည်း ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း။
  • ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်၍လည်း နိုင်ငံတော်အနေဖြင့် ကနဦး ဧက ၁ သိန်း စိုက်ပျိုးရန် လျာထားပြီး ဆက်လက်၍ ဧက ၃ သိန်းအထိနှင့် နောင်တွင် ဧက ၁ သန်းအထိ စိုက်ပျိုးနိုင်ရေး မျှော်မှန်းဆောင်ရွက်နေကြောင်း။
  • သီးနှံအလိုက်မျိုးကောင်းမျိုးသန့်များ အပြည့်အဝသုံးစွဲစိုက်ပျိုးနိုင်ရေးအတွက် မိမိတို့နိုင်ငံအတွင်းတွင် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျယ်ကျယ်ပြန့်ပြန့်လေ့လာ သိရှိနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ခေတ်မီနည်းစနစ်များသုံးပြီး စက်မှုလယ်ယာစနစ်သို့ကူးပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိရှိ  ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေလိုအပ်ချက်နည်းသော သက်တမ်းတိုသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ဒေသအခြေအနေပေါ်မူတည်၍ ဒေသနှင့်ကိုက်ညီသော သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့် ရေရှားပါးမှုအခက်အခဲအား ဖြေရှင်းနိုင်ရန် ရေလှောင်တမံပေါင်း (၂၄၆) ခု၊ ရေလွှဲဆည် (၁၄၄) ခု၊ ရေကန် (၇၂) ခု၊ ရေတံခါး (၁၉၉) ခု၊ ရေတင်လုပ်ငန်း (၂၁၉) ခု၊ စုစုပေါင်း (၈၈၀) ခု ဆောင်ရွက်ပေးထားပြီး စိုက်ဧက (၃၁) သိန်းကျော်အား အကျိုးပြုလျက်ရှိကြောင်း။
  • တောင်သူလယ်သမားကြီးများအနေဖြင့် သီးနှံများစိုက်ပျိုး ထုတ်လုပ်မှု မြင့်မား လာစေရေးအတွက် အထွက်နှုန်းတိုးရေးနည်းလမ်းများဖြင့် ဆောင်ရွက်သည့်အပြင် စိုက်ဧကတိုးတက်စေရန် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းကိုပါ ဆောင်ရွက်ကြရပါမည်ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် အော်ဂဲနစ် စိုက်ပျိုးရေးကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း။
  • စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ် (၈) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်း (၆) ခုကိုလည်းကောင်း၊ တိုင်းဒေသကြီး (၆) ခုကိုလည်းကောင်း အရင်းအနှီးများ မတည်ထောက်ပံ့ပေးပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • မွေးမြူရေးကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရန် တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းကျောင်းကို အင်းစိန်တွင် ၂၀၂၄ ခုနှစ်၊ မေလတွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း။
  • ကျေးလက်ဒေသငါးကဏ္ဍဖွံ့ဖြိုးရေး မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) စီမံကိန်းအစီအစဉ်ဖြင့် အရင်းမပျောက် မတည်ရင်းနှီးငွေ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိရာ ထုတ်လုပ်မှု၏  ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းငါးရိက္ခာလိုအပ်ချက်အတွက် ဖြည့်ဆည်းလျက်ရှိပြီး ကျန် ၁၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့နိုင်ခဲ့သဖြင့်  နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း။

နိဂုံးချုပ်အားအနေဖြင့် မိမိတို့နိုင်ငံ၏ (၇၀) ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများတွင် အပါအဝင်ဖြစ်သော တောင်သူလယ်သမားများ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ပါက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စားဝတ်နေရေးနှင့် လူနေမှုဘ၀တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးသို့  တင်ပို့နိုင်ခြင်းကြောင့် ဝင်ငွေများ တိုးတက်ရရှိလာပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသူများအားလုံးက ကောင်းမွန်သော အခြေခံစိတ်ဓာတ် ဖြင့် လုံ့လ၊ ဝီရိယပေါင်းစပ်၍  အဘက်ဘက်က အကျိုးရှိအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် တိုက်တွန်းနှိုးဆော်အပ်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၃-၂၀၂၄)

 

  •  တောင်သူလယ်သမားကြီးများအနေဖြင့် အဓိကသီးနှံများဖြစ်သော စပါး၊ ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ပဲမျိုးစုံ၊ ပြောင်းစသည့်သီးနှံများကို သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးသွားကြရန်လို။
  • ပြည်တွင်းဆီထွက်သီးနှံများမှ ထုတ်လုပ်သော စားသုံးဆီဖြင့် လုံလောက်စေရန် ဆောင်ရွက်ခြင်းဖြင့်  နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချစေနိုင်မည်ဖြစ်သော ကြောင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးကို ကြိုးစားဆောင်ရွက်ကြရန်လို။
  • ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိရှိ  ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေလိုအပ်ချက်နည်းသော သက်တမ်းတိုသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ဒေသအခြေအနေပေါ်မူတည်၍ ဒေသနှင့်ကိုက်ညီသော သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးကြရမည်ဖြစ်။
  • နိုင်ငံတော်အနေဖြင့် ရေရှားပါးမှုအခက်အခဲအား  ဖြေရှင်းနိုင်ရန် ရေလှောင်တမံ ပေါင်း (၂၄၆) ခု၊ ရေလွှဲဆည် (၁၄၄) ခု၊ ရေကန် (၇၂) ခု၊ ရေတံခါး (၁၉၉) ခု၊ ရေတင် လုပ်ငန်း (၂၁၉) ခု၊ စုစုပေါင်း (၈၈၀) ခု ဆောင်ရွက်ပေးထားပြီး စိုက်ဧက (၃၁) သိန်းကျော်အား အကျိုးပြုလျက်ရှိ။
  • တောင်သူလယ်သမားကြီးများအနေဖြင့် သီးနှံများစိုက်ပျိုး ထုတ်လုပ်မှုမြင့်မားလာစေရေးအတွက် အထွက်နှုန်းတိုးရေးနည်းလမ်းများဖြင့် ဆောင်ရွက်သည့်အပြင် စိုက်ဧကတိုးတက်စေရန် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းကိုပါ ဆောင်ရွက်ကြရပါမည်ဖြစ်။
  • ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးသို့  တင်ပို့နိုင်ခြင်းကြောင့်  ဝင်ငွေများတိုးတက်ရရှိလာပြီး နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသူများအားလုံးက ကောင်းမွန်သော အခြေခံစိတ်ဓာတ်ဖြင့် လုံ့လ၊ ဝီရိယပေါင်းစပ်၍  အဘက်ဘက်ကအကျိုးရှိအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် တိုက်တွန်းနှိုးဆော်အပ်။

Add new comment