ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးအဆင့်(၈) နေရာတွင် ရောက်ရှိခဲ့ပါသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပနိုင်ငံများသို့ နှစ်စဉ် ဆန်တန်ချိန် ၂ ဒသမ ၁ သန်းတင်ပို့လျက်ရှိရာ နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် သန်း ၈၀၀ နီးပါးရရှိလျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှု လျော့နည်းသွားသော်လည်း တင်ပို့သည့်ဆန်များမှာ ပြည်ပနိုင်ငံများတွင် ဈေးနှုန်းမြင့်တက်နေသည့်အတွက်ကြောင့် ဝင်ငွေရရှိမှု လျော့နည်းမသွားကြောင်း၊ ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ ၅၇၄ သန်းရရှိခဲ့ပါသည်။
လက်ရှိဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း၌ ဆန်ဈေးကွက်တည်ငြိမ်စေရန်အတွက် ကျန်ရှိနေသည့်ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၃-၂၀၂၄)
-
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးအဆင့်(၈) နေရာတွင်ရပ်တည်။
-
ယခုဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုလျော့နည်းသွားသော်လည်း တင်ပို့သည့် ဆန်များမှာ ပြည်ပနိုင်ငံများတွင် ဈေးနှုန်းမြင့်တက်နေသည့်အတွက်ကြောင့် ဝင်ငွေရရှိမှု လျော့နည်းမသွား။
-
လက်ရှိဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း၌ ဆန်ဈေးကွက်တည်ငြိမ်စေရန်အတွက် ကျန်ရှိနေသည့်ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုကို လျှော့ချသွားမည်။
Add new comment