တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းကာ မတော်တဆမှုဖြစ်ပွား

       တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် ဖေဖော်ဝါရီလ ၂၉ ရက်တွင် မကွေးမြို့ပတ်ဝန်းကျင်တစ်ဝိုက် လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် ပွင့်ဖြူမြို့အနောက်မြောက်ဘက် ရေဘုတ်ကြီးရွာအနီးသို့အရောက်၌ ရုတ်တရက် စက်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်တွင် လေယာဉ်မှူးအနေဖြင့် အရေးပေါ်ခုန်ထွက်နိုင်ခဲ့မှုကြောင့် ဘေးကင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး စက်ချွတ်ယွင်းမှုအကြောင်းအရင်းအား စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၃-၂၀၂၄)

 

  • တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် မကွေးမြို့ပတ်ဝန်းကျင်တစ်ဝိုက် လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် ပွင့်ဖြူမြို့အနောက်မြောက်ဘက် ရေဘုတ်ကြီးရွာအနီးသို့အရောက်၌ စက်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း လေယာဉ်မှူးအနေဖြင့် အရေးပေါ် ခုန်ထွက်နိုင်ခဲ့မှုကြောင့် ဘေးကင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့။

Add new comment