ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အကြမ်းဖက်သမားအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ-

  • ဖေဖော်ဝါရီလ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၂ ဦးသည် ၎င်းတို့နှင့် အတူပါလာသည့် MK-12 အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်၊ Stalliom PA-100 Short Gun အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက် နှင့် KUZAY-GN 19 အမျိုးအစားပစ္စတို ၁ လက်တို့အား သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများထံ အပ်နှံပြီး အလင်းဝင်ရောက်ခဲ့။
  • အဆိုပါအပ်နှံခဲ့သည့် MK-12  အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်အတွက် ဆုကြေးငွေကျပ်သိန်း (၄၀)၊ Stalliom PA-100 Short Gun အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်အတွက် ဆုကြေးငွေကျပ်သိန်း(၄၀)၊ KUZAY-GN 19 အမျိုးအစား ပစ္စတို ၁ လက်အတွက် ကျပ်သိန်း(၂၀)၊ အလင်းဝင်ရောက်လာသူ ၁၂ ဦးအတွက် ၁ ဦးလျှင် ဆုကြေးငွေကျပ်သိန်း (၂၀) နှုန်း၊ စုစုပေါင်းကျပ်သိန်း (၃၄၀) နှင့် ထောက်ပံ့ပစ္စည်းများ၊ စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၃-၂၀၂၄)

 

  • တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် ပခုက္ကူမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ဦး၊ စုစုပေါင်း ၁၂ ဦးသည် ၎င်းတို့နှင့်အတူပါလာသည့် MK-12 အမျိုးအစား မောင်းပြန်ရိုင်ဖယ် လက်၊ Stalliom PA-100 Short Gun အမျိုးအစား မောင်းပြန်ရိုင်ဖယ် လက်နှင့် KUZAY-GN 19 အမျိုးအစား ပစ္စတို လက်တို့အား သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများထံ အပ်နှံပြီး အလင်းဝင်ရောက်ခဲ့။
  • ဖေဖော်ဝါရီလ ၂၉ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၇၇ ဦးနှင့် အမျိုးသမီး ၁၅၈ ဦး၊ စုစုပေါင်း ၇၃၅ ဦးရှိပြီဖြစ်။
vidos: 

Add new comment