တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော သာယာဝတီထောင်တွင် ထောင်ပိုင်မှ နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မအလုပ်ခိုင်းစေပြီး အလုပ်မလုပ်လိုလျှင် ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းအထိပေးခိုင်းနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါထောင်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိကြောင်း၊ အကျဉ်းထောင်တွင် အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းမရှိဘဲ ထောင်ဥပဒေအရ အကျဉ်းသားများ မဖြစ်မနေလုပ်ရသည့် သန့်ရှင်းရေး၊ ထမင်းချက်၊ စိုက်ပျိုးရေးလုပ်ငန်းများအား ခွဲဝေတာဝန်ပေးခြင်းသာရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မြစ်ခြေမြို့နယ်ရှိ ကျေးရွာအချို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းများယူဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် PDF အကြမ်းဖက်သမားများက ဒေသခံပြည်သူများအား ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးသွားရောက်ဆောင်ရွက်ခဲ့ရာ ဖလံအိုကျေးရွာအတွင်းမှ PDF အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဆုတ်ခွာထွက်ပြေးစဉ် အဆိုပါကျေးရွာအား မိုင်းထောင်ဖောက်ခွဲခဲ့သောကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော စစ်တွေမြို့အတွင်းသို့ တပ်မတော်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ဦးခန့် ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ AA သောင်းကျန်းသူများက စစ်တွေတပ်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် ပြည်သူများအား ဖမ်းဆီးနေဟူသည့် ကောလာဟလသတင်းများကို ဖြန့်ဝေလျက်ရှိပါသည်။ အဆိုပါသတင်းများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များ ဝင်ရောက်လာစေရေးနှင့် တပ်မတော်အပေါ် ပြည်သူများ အမုန်းပွားစေရေးတို့ ဖြစ်ပေါ်လာစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၃-၂၀၂၄)
- သာယာဝတီထောင်တွင် ထောင်ပိုင်မှ နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မ အလုပ်ခိုင်းစေပြီး အလုပ်မလုပ်လိုလျှင် ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ ပေးခိုင်းနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အကျဉ်းထောင်တွင် အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းမရှိဘဲ ထောင်ဥပဒေအရ အကျဉ်းသားများ မဖြစ်မနေလုပ်ရသည့် သန့်ရှင်းရေး၊ ထမင်းချက်၊ စိုက်ပျိုးရေးလုပ်ငန်းများအား ခွဲဝေတာဝန်ပေးခြင်းသာရှိ။
- မြစ်ခြေမြို့နယ်ရှိ ကျေးရွာအချို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းများယူဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့် သတင်းသည် သတင်းအမှားဖြစ်။
- စစ်တွေမြို့အတွင်းသို့ တပ်မတော်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ဦးခန့် ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်။
Add new comment