နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ တာဝန်သိပြည်သူ ၁ ဦး၏ သတင်းပေးပို့မှုအရ-
- ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ န၀ဒေးတံတားထိပ်တွင် ပြည်ဘက်မှ ပန်းတောင်းဘက်သို့ ဟိန်းပိုင်ဦး မောင်းနှင်လာသည့် ISUZU Light Truck မော်တော်ယာဉ်ကို စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၁ သိန်းအားလည်းကောင်း။
- ညပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်းပေါ်တွင် အောင်ကိုလတ်၊ ဇော်မြင့်(ခ)ရေခဲနှင့် လင်းလင်းထိုက်တို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သိန်းအားလည်းကောင်း။
- ဖေဖော်ဝါရီလ ၁၄ ရက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်လှကို မင်းတုန်းမြို့၌လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့။
- အထက်ပါဖြစ်စဉ်မှ စုစုပေါင်းကာလဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်းနှင့်အတူ တရားခံ ၅ ဦးအား ဖမ်းဆီးရမိခဲ့။
အဆိုပါသိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်နယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများက ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၂-၂၀၂၄)
- ပြည်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၆ ဒသမ ၅ သိန်းအား တရားခံ ၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့။
Add new comment