နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

       နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်လျက်ရှိရာ-

  • ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အသက်စွန့်လွှတ်ခဲ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅၆ သိန်းကိုလည်းကောင်း၊

  • အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊

  • ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့် အင်းလေးပြည်သူ့စစ် (ဌာနေ)အဖွဲ့တို့အတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုလည်းကောင်း တာဝန်ရှိသူများထံသို့ အသီးသီးလှူဒါန်းပေးအပ်ခဲ့။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ရှေ့တန်းရောက် တပ်မတော်သားများ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၂-၂၀၂၄)

 

  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော နိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လျက်ရှိရာ တာဝန်ရှိသူများက ရှေ့တန်းရောက် တပ်မတော်သားများ လက်ဝယ် အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရ

Add new comment