PDF အကြမ်းဖက်သမားများသည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆုတ်ခွာထွက်ပြေးစဉ် နည်းပညာတက္ကသိုလ် (ထားဝယ်) အတွင်းသို့ ဝင်ရောက်၍ ဒုတိယပါမောက္ခချုပ်ဒေါက်တာကျော်အောင်အပါဝင် ၃ ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ကျောင်း၏အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော ပညာရေးဆိုင်ရာအဆောက်အဦများနှင့် ဆရာ/ဆရာမများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဆရာ၊ ဆရာမများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၂-၂၀၂၄)
- PDF အကြမ်းဖက်သမားများသည် ဘုရားမဲကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆုတ်ခွာထွက်ပြေးစဉ် နည်းပညာတက္ကသိုလ် (ထားဝယ်) အတွင်းသို့ ဝင်ရောက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင်အပါဝင် ၃ ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့။
- PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်။
- လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဆရာ၊ ဆရာမများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိ။
Add new comment